ဇာတ်ကားများ ရွေးရန်

Easy Girl (aka) Smalltown Girl

2026ဇာတ်ကားအမှတ် 5.3/10122 မိနစ်

Easy Girl (2026) IMDb Rating (6.6) ဥရောပလူငယ်တွေရဲ့ ပါတီပွဲယဉ်ကျေးမှု၊ လွတ်လပ်မှုကို ရှာဖွေပုံနဲ့ အချစ်ရေးအမြင်တွေကို ခေတ်ရေစီးကြောင်းအတိုင်းရိုက်ပြထားပြီး လူငယ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျလို့ လူပြောများခဲ့တဲ့ Indie လက်ရာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စရိုက်လက္ခဏာ လုံးဝကွဲပြားခြားနားတဲ့ မိန်းကလေးနှစ်ယောက်အကြောင်း ဖြစ်ပါတယ်။ Jonna ကတော့ စာပေကို စာရိတ္တကောင်းကောင်းနဲ့ အလေးအနက် သင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ဦး ဖြစ်ပြီး သူမဆီကို တစ်နေ့မှာတော့ ကျောင်းနေဖက်သူငယ်ချင်းဟောင်း ဖြစ်ခဲ့ဖူးတဲ့ Nore (Dana Herfurth) ဆိုတဲ့ မိန်းကလေး ရောက်ရှိလာပြီး အတူတူ လာရောက်နေထိုင်ပါတော့တယ်။ Nore က Jonna နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်၊ ယောက်ျားလေးတွေကို စိတ်ကစားတတ်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိတဲ့ လွတ်လပ်လွန်းသူ ဖြစ်ပါတယ်။ Nore ရဲ့ ဆွဲဆောင်မှုတွေကြောင့် ခြောက်သွေ့နေတဲ့ Jonna ရဲ့ ဘဝကြီးဟာလည်းပြောင်းလဲသွားပြီး သူတို့နှစ်ဦးဟာ တစ်ညတာ အပျော်အပါး (One-night stands) တွေ၊ ဘာမှအဓိပ္ပာယ်မရှိတဲ့ အချစ်ခရီးတွေကြားထဲမှာ ပျော်မွေ့ပြီး စိတ်ကူးပေါက်သလို လွတ်လွတ်လပ်လပ် ဖြတ်သန်းကြပါတော့တယ်။ ဒါပေမဲ့ ဒီလိုမျိုး အပေါ်ယံ ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်မှာ Nore တစ်ယောက် ဘာလို့ ဒီလောက်အထိ ယောက်ျားလေးတွေအပေါ် စိတ်ကစားပြီး ဘဝကို ဖြစ်သလို ဖြတ်သန်းနေရသလဲဆိုတဲ့ အကြောင်းအရင်း ပေါ်လာပါတော့တယ်။ အဲဒါကတော့ သူမရဲ့ ရင်ထဲမှာ နှစ်ရှည်လများ ဖုံးကွယ်ထားခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ အတိတ်ဆိုးကြီး ကြောင့်ပါ။ ဒီအတိတ်ဆိုးကြီးက သူတို့နှစ်ယောက်ရဲ့ ရှေ့ဆက်မယ့် ပျော်ရွှင်မှုတွေဆီ သွားမယ့်လမ်းမှာ အကြီးမားဆုံး အတားအဆီး ဖြစ်လာတဲ့အခါ... သူတို့နှစ်ဦး ဘဝကို ဘယ်လိုမျိုး ရင့်ကျက်စွာနဲ့ ပြန်လည်ပြင်ဆင် ရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ပြထားပါတယ်။ (18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.6 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:01:52 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း