ဇာတ်ကားများ ရွေးရန်

Jogi

2022ဇာတ်ကားအမှတ် 6.6/10116 မိနစ်

ဒေလီမြို့က ဆစ်ခ်ဘာသာဝင်တွေ နေထိုင်ရာအရပ်မှာ ဂျိုဂီက လူတိုင်းနဲ့ ဖော်ဖော်ရွေရွေ နေတတ်လို့ မသိသူမရှိတဲ့သူပါ။ အိမ်နီးချင်းတွေက တွေ့ရင် နှုတ်ဆက်ကြ၊ ကလေးတွေက အုပ်စုဖွဲ့ဆော့ကစားကြနဲ့ နေ့စဉ်ဘဝဟာ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဂျိုဂီတို့အိမ်မှာလည်း အစ်မရဲ့သား ပရက်အတွက် မွေးနေ့ပွဲ ပြင်ဆင်နေကြတယ်။ ညနေခြောက်နာရီမှာ ကျင်းပဖို့ တစ်ရပ်ကွက်လုံးကို ဖိတ်ထားပြီး ပွဲမစခင်မှာတော့ ကျောင်းတက်သူက ကျောင်းတက်၊ အလုပ်သွားသူက အလုပ်သွားနဲ့ ပုံမှန်အတိုင်းပဲ နေ့တစ်နေ့ကို စခဲ့ကြပါတယ်။ အဲဒီနေ့မှာ အိန္ဒိယဝန်ကြီးချုပ် လုပ်ကြံခံလိုက်ရပြီး လုပ်ကြံသူတွေက ဆစ်ခ်လူမျိုးနှစ်ယောက် ဖြစ်နေပါတယ်။ အဲဒီနောက် ဆစ်ခ်လူမျိုးတွေအပေါ် အမုန်းတရားတွေ ပုံကျလာကာ သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေ ဖြစ်ပွားလာတယ်။ မွေးနေ့ပွဲအတွက် ပြင်ဆင်နေခဲ့တဲ့ ပတ်ဝန်းကျင်ဟာ မီးလောင်ပြင်တွေနဲ့ အော်ဟစ်ငိုယိုသံတွေကြား ရုတ်တရက် ရောက်သွားရပါတယ်။ နိုင်ငံရေးနောက်ကွယ်က ဖုံးကွယ်မှုတွေ၊ ရှုပ်ထွေးမှုတွေကြားမှာ ပြေးပေါက်ပိတ်နေတဲ့ ဆစ်ခ်လူမျိုး ရာနဲ့ချီကို ကယ်တင်ဖို့ လူမျိုးဘာသာမတူတဲ့ လူသုံးယောက် ကြိုးစားကြမှာပါ။ သူတို့ကို ဘေးလွတ်ရာ ပို့ပေးနိုင်မလား၊ အရင်ကလို ပျော်ရွှင်အေးချမ်းတဲ့ဘဝကို ပြန်ရနိုင်ဦးမလားဆိုတာ ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း