Godzilla: Planet of the Monsters
Godzilla Anime Trilogy (2017-2018) ဒီ Godzilla Anime ၃ ကားတွဲက ကျွန်တော်တို့ မြင်ဖူးနေကြ Monster ကြီးတွေ အချင်းချင်းတွေ တိုက်ခိုက်တာကို ဦးစားပေးတဲ့ အက်ရှင်ကားမျိုး မဟုတ်တော့ပါဘူး။ နည်းပညာတွေ တိုးတက်လာပြီး ထိပ်ဆုံးကိုရောက်ရှိလာတဲ့ လူသားတွေရဲ့ အတ္တလောဘ ဒေါသတွေအကြောင်း၊ သဘာဝတရားရဲ့ တုံ့ပြန်မှုနဲ့ ရှင်သန်ခြင်း အနက်အဓိပ္ပာယ်ဆိုတာတွေကို Sci-fi တစ်ဖြစ်လဲ ဒဿနဆန်စွာနဲ့ ဖော်ကျူးပေးထားတဲ့ ၃ ကားတွဲ Trilogy တစ်ခုပဲ ဖြစ်ပါတယ်။ ပထမဆုံးကား Godzilla: Planet of the Monsters က ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒုတိယကား Godzilla: City on the Edge of Battle နဲ့ တတိယကား Godzilla: The Planet Eater တို့ကတော့ ၂၀၁၈ ခုနှစ်မှာတင် အကုန်ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ အကုန်လုံးကို ခြုံပြီး အညွန်းပြောပြပေးရမယ်ဆိုရင်တော့ ကမ္ဘာမြေပေါ်က လူသားတွေ Kaiju ဘုရင်ကြီး Godzill ကြောင့် ကမ္ဘာမြေကို စွန့်ခွာလာခဲ့ရပြီး အာကာသကြီးထဲမှာ ဘယ်သွားရမလဲမသိပဲ အရင်းအမြစ်တွေ ကုန်ဆုံးလာပြီး ဒုက္ခသည်တွေအနေနဲ့ လွင့်မျောနေကြရပါတယ်။ အဲဒီမှာတင် အဓိကဇာတ်လိုက်ဖြစ်တဲ့ Haruo ဆိုတဲ့ လူငယ်လေးက ငယ်ဘဝကလေးအရွယ်ကတည်းက အမိမြေကို စွန့်ခွာလာခဲ့ရတာဆိုတော့ Godzilla ကို စက်ဆုပ်ရွံရှာပြီး သတ်ပစ်ချင်နေတဲ့သူ ကမ္ဘာပေါ်ကို ပြန်ချင်နေတဲ့သူပေါ့။ ဒီတော့ Godzilla ကို သတ်ဖို့ အကြံအစည်တွေရှိပါတယ် တခြားဂြိုလ်တွေ ရှာမတွေ့မယ့်အတူတူ အမိမြေကိုပဲ ပြန်ပြီး ပြန်သိမ်းပိုက်မယ်ဆိုပြီး ပြန်လာခဲ့ကြပါလေရော။ အဲဒီမှာတင် သူတို့က ယာဉ်ပေါ်မှာ ၂၂ နှစ်ပဲ အချိန်ကြာမြင့်ပေမဲ့ အာကာသခုန်ကူးမှုစနစ်ကြောင့် ကမ္ဘာပေါ်မှာတော့ နှစ်ပေါင်း ၂ သောင်းလောက် ကြာသွားခဲ့ပါပြီ။ ဆရာသမား Godzilla ရဲ့ အုပ်စိုးမှုအောက်မှာ ဂေဟစနစ်တွေလည်း ပြောင်းလဲနေခဲ့တာပေါ့။ Haruo ဦးဆောင်တဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ Godzilla ကို နှိမ်နှင်းကြမယ်ဆိုပြီး ကမ္ဘာပေါ် ပြန်ဆင်းခဲ့ကြတာကစလို့ ဒီ ၃ ကားတွဲဇာတ်လမ်းရှည်ကြီး ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ပထမကားမှာ Haruo တို့နဲ့ ကမ္ဘာပေါ်က လက်ကျန် Godzilla ကြီးတို့ တိုက်ပွဲတို့ ဒုတိယကားမှာဆို ကမ္ဘာပေါ်က လက်ကျန်မျိုးနွယ်စုနဲ့ တခြားစိတ်ဝင်စားစရာအကြောင်းအရာတို့ နောက်ဆုံးကားမှာဆို တခြားနာမည်ကျော် Kaiju တွေရော ပါလာပြီး ရှယ်ဇာတ်သိမ်းပေးထားတာမို့ Godzilla ဖန်တွေရော Anime ဖန်တွေရော Sci-fi ဖန်တွေရော လက်လွတ်မခံသင့်တဲ့ Trilogy ဖြစ်တာကြောင့် အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေဗျာ...။
ဇာတ်လမ်းအကြောင်း