ဇာတ်ကားများ ရွေးရန်

Paradise

2025ဇာတ်ကားအမှတ် 6.5/1096 မိနစ်

Paradise (2025) IMDb Rating (6.5) The Practical Guide to Love ထဲက မင်းသား Park Jung-Pyo နဲ့ INFINITE အဖွဲ့ဝင်ဟောင်း Hoya (Lee Ho-Won) တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အကြမ်းစား အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မွေးဖွားလာချိန်ကတည်းက တစ်ယောက်သေမှ တစ်ယောက်က အသက်ရှင်မဲ့ ကံကြမ္မာဆိုးကြီး ကပ်ပါလာခဲ့တဲ့ အမြွှာညီအစ်ကို ယူအီးလ်ဒို (Park Jung-Pyo) နဲ့ ယူအီဒို (Park Jung-Pyo)... ငယ်စဉ်က မိဘမဲ့ဂေဟာမှာ ကွဲကွာသွားခဲ့ကြတဲ့ သူတို့ ညီအစ်ကိုနှစ်ဦးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာလို့ ပြန်လည်ဆုံစည်းကြချိန်မှာတော့ အစ်ကိုဖြစ်သူ အီးလ်ဒိုက လူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရပြီး ညီဖြစ်သူ အီဒိုကတော့ အူရှစ် (Lee Ho-Won) ဆိုသူနဲ့ လက်တွဲပြီး ကိုယ်တွင်းအင်္ဂါ မှောင်ခိုရောင်းဝယ်ရေးဂိုဏ်းရဲ့ ကြားပွဲစားအဖြစ် ရှင်သန်နေပြီ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ကြီးနိုင်ငယ်ညှဉ်း လောကကြီးထဲမှာ လူဆိုးလူမိုက်တွေရဲ့ လက်ကနေ အသက်ရှင်လွတ်မြောက်ဖို့ အသည်းအသန် ရုန်းကန်ကြရင်း အီးလ်ဒိုနဲ့ အီဒိုတို့ ညီအစ်ကိုနှစ်ယောက်ထဲက ဘယ်သူက နောက်ဆုံး ရှင်ကျန်ခဲ့မလဲ... မွေးလာကတည်းက လွဲမှားနေခဲ့တဲ့ သူတို့ရဲ့ကံကြမ္မာက ဘယ်လို အဆုံးသတ်သွားမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File Size : 1.69GB/ 740MB Quality : WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 36m Genre : Crime, Action Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း