ဇာတ်ကားများ ရွေးရန်

The Lotto Winner

2026ဇာတ်ကားအမှတ် 6.2/10120 မိနစ်

The Lotto Winner (2026) IMDb Rating (6.2) ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားကြီး Albert Martinez နဲ့ မင်းသမီးချော Kylie Padilla တို့ သားအမိအဖြစ် အားပြိုင်ထားပြီး... ဘဝရဲ့အလှည့်အပြောင်းတွေကြားက မိသားစုသံယောဇဉ်၊ ခွင့်လွှတ်ခြင်းနဲ့ ဘဝရဲ့တန်ဖိုးအစစ်အမှန်ကို ရှာဖွေပုံကို ရိုက်ပြထားတဲ့ Family drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်က ဖြစ်ခဲ့တဲ့ မိသားစုအဖြစ်ဆိုးတစ်ခုကြောင့်... သမီးဖြစ်သူနဲ့ အနှစ်နှစ်အလကာလ ဝေးကွာပြီး အဆက်အသွယ်ပြတ်နေခဲ့တဲ့ ဖခင်ဖြစ်သူ အကြောင်းကနေ စတင်ထားပါတယ်။ နှစ်တွေအကြာကြီး ခွဲခွာနေခဲ့ပြီးနောက်မှာတော့ သူဟာ ကုသရခက်ခဲတဲ့ ရောဂါဝေဒနာတစ်ခု ခံစားနေရပြီဆိုတာကို သိလိုက်ရပါတော့တယ်။ သူ့မှာ အချိန်သိပ်မကျန်တော့မှန်း သိလိုက်ရတဲ့အခါမှာတော့ ဖခင်ဖြစ်သူဟာ ကျန်တဲ့အချိန်မှာ သမီးဖြစ်သူနဲ့ ပြန်လည်သင့်မြတ်ဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပြဿနာက နှစ်ဦးသားကြားက အတိတ်က နာကျင်မှုတွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့ လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့် သူတို့ရဲ့ ရင်ကြားစေ့ပွဲဟာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ဒီခရီးစဉ်အတွင်းမှာ သူတို့သားအမိနှစ်ယောက်ဟာ "မိသားစုဆိုတာ ဘာလဲ" ၊ "ဘဝမှာ တကယ်အရေးကြီးဆုံးအရာက ဘာလဲ" ဆိုတာကို ပြန်လည်တွေးတော သင်ခန်းစာယူရင်း... ဘဝခရီးကို အတူတူ ဖြတ်သန်းကြပုံကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.7 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Family Duration…. 02:00:23 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း