ဇာတ်ကားများ ရွေးရန်

Casa Grande

2026ဇာတ်ကားအမှတ် 6.8/10113 မိနစ်4K

Casa Grande (2026) Yellowstone လိုမျိုး ခြံကြီးတွေ၊ လယ်မြေပြဿနာတွေနဲ့ အရှုပ်အရှင်း ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် Casa Grande (2026) ဆိုတဲ့ ကားသစ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကားလေးက ၂၀၂၃ တုန်းက ထွက်ခဲ့တဲ့ Amazon Freevee series ကို အဆက်အနေနဲ့ သီးသန့်ပြန်ရိုက်ထားတဲ့ ဒရာမာ၊ သည်းထိတ်ရင်ဖို ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့... မိသားစုနဲ့ အဝေးမှာ နေနေတဲ့ သမီးဖြစ်သူက သူ့အဖေ နေမကောင်းဖြစ်ချိန်မှာ သူတို့ရဲ့ မိသားစုပိုင် ခြံကြီးဆီ ပြန်ရောက်လာတာကနေ ဇာတ်လမ်းစထားတယ်။ ပြဿနာက သူ့အဖေမှာ ကုလို့မရတော့တဲ့ရောဂါဆိုးကြီး ခံစားနေရတဲ့အပြင်၊ သူတို့ရဲ့ မြေကို လိုချင်နေတဲ့ ပြိုင်ဘက်တွေကလည်း နည်းမျိုးစုံနဲ့ ဖိအားပေးလာတာတွေ ကြုံလာရတယ်။ ဒီလိုနဲ့ မိသားစု နှစ်စုကြားက အားပြိုင်မှုတွေ၊ မြေယာအငြင်းပွားမှုတွေ စလာပါတော့တယ်။ အဲဒီမှာ အရင်ကတည်းက ရှိခဲ့တဲ့ မိသားစု အနာဟောင်းတွေပါ ပြန်ပေါ်လာပြီး ဒီအကျပ်အတည်းကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာကို ဆက်ကြည့်ရမယ့် ကားမျိုးပါ။ Lou Diamond Phillips, John Pyper-Ferguson နဲ့ Madison Lawlor တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိသားစုတွင်း ပြဿနာတွေရယ်၊ အကျိုးစီးပွားအတွက် အားပြိုင်ကြတာတွေရယ်ကို သဘာဝကျကျနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားလို့ အေးအေးဆေးဆေး ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကား ဖြစ်ပါတယ်။ File size… (6.5 GB) / (1.5 GB) / (800 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Western Duration…. 01:53:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း