ဇာတ်ကားများ ရွေးရန်

Mandingo

1975ဇာတ်ကားအမှတ် 6.6/10127 မိနစ်

ဒီဇာတ်ကားကတော့ ၁၉ ရာစု အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသက ကျွန်စနစ်ဆိုးကြီးအောက်မှာ လူမည်းတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေနဲ့အတူ တုန်လှုပ်ခြောက်ချားဖွယ်ရာ ဖြစ်ရပ်မှန်အချို့ကို အခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကြီး ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း သခင်ကြီး မက်စ်ဝဲလ် ဟာ သူ့ရဲ့ ကြီးမားလှတဲ့ စိုက်ခင်းကြီးထဲမှာ လူမည်းကျွန်တွေကို ဝယ်ယူစုဆောင်းပြီး ကြံစိုက်ပျိုးခြင်း လုပ်ငန်းတွေကို လုပ်ကိုင်စေပါတယ် ။ သူတို့ရဲ့ အဝန်းအဝိုင်းထဲမှာ လူမည်းကျွန်တွေကို လူသားတစ်ယောက်လို သဘောမထားဘဲ တိရစ္ဆာန်တွေလို၊ ကုန်ပစ္စည်းတွေလိုမျိုးသာ တန်ဖိုးဖြတ်ကာ ရောင်းဝယ်ဖောက်ကားကြပြီး စိတ်မထင်ရင် မထင်သလို နှိပ်စက်ညှင်းပန်းမှုတွေ၊ သံခြေကျင်းခတ်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။ ဒီလိုမျိုး ရက်စက်လွန်းတဲ့ ကျွန်စနစ်ဆိုးကြီးရဲ့ ဖိနှိပ်မှုဒဏ်တွေ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့အတူ မိမိကိုယ်ကို ဘယ်တော့မှ လွတ်လပ်ခွင့်မရတော့ဘူးလို့ ခံစားနေရတဲ့ ကျွန်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေနဲ့အတူ နောက်ဆုံးမှာတော့ သခင်တွေနဲ့ ကျွန်တွေကြား အပြန်အလှန် လက်စားချေမှုတွေ၊ သွေးထွက်သံယို ဖြစ်ရပ်တွေနဲ့အတူ လူသားမျိုးနွယ်ရဲ့ အမှောင်ဆုံး အတိတ်သမိုင်းစာမျက်နှာကို ရင်နင့်စရာ ခံစားချက်မျိုးစုံနဲ့ ရှုမြင်ရမယ့် ကမ္ဘာကျော် ဂန္ထဝင်ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း