ဇာတ်ကားများ ရွေးရန်

The Ultimate Gift

2006ဇာတ်ကားအမှတ် 7.6/10114 မိနစ်

The Ultimate Gift (2006) IMDb Rating (7.3) / Rotten Tomatoes (32%) စာရေးဆရာကြီး Jim Stovall ရဲ့ နာမည်ကြီး အရောင်းရဆုံး ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး၊ စည်းစိမ်ဥစ္စာတွေကြားမှာ ပျက်စီးနေတဲ့ လူငယ်တစ်ယောက် ဘဝအမှန်ကို ရှာဖွေတွေ့ရှိသွားပုံကို စိတ်လှုပ်ရှားဖွယ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ အရမ်းချမ်းသာတဲ့ ဘီလီယံနာကြီး Howard "Red" Stevens ကွယ်လွန်သွားတာကနေ စတင်ထားပါတယ်။ သူ့ရဲ့ သေတမ်းစာကို ဖတ်တဲ့အချိန်မှာ ဆွေးမျိုးတွေအားလုံးက ပိုင်ဆိုင်မှုတွေကို လောဘတကြီး ခွဲဝေယူကြပေမဲ့... သူ့ရဲ့ အပျော်အပါးမက်ပြီး အလိုလိုက်ထားလို့ ပျက်စီးနေတဲ့ မြေးဖြစ်သူ Jason Stevensကိုတော့ ပိုက်ဆံတစ်ပြားမှ တိုက်ရိုက်မပေးခဲ့ပါဘူး။ ဒါပေမဲ့ အဘိုးဖြစ်သူဟာ Jason အတွက် ဗီဒီယိုသေတမ်းစာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့ စိန်ခေါ်မှု တွေကို ချန်ထားခဲ့ပါတယ်။ Jason အနေနဲ့ အဘိုးဖြစ်သူ ချန်ထားခဲ့တဲ့ အမွေကို ရရှိဖို့အတွက် အဆင့်ဆင့် သတ်မှတ်ထားတဲ့ ဘဝသင်ခန်းစာ ၁၂ ခု ကို တစ်ခုပြီးတစ်ခု အောင်မြင်အောင် လုပ်ရပါတော့တယ်။ ဒီခရီးစဉ်အတွင်းမှာ Jason ဟာ ကင်ဆာဝေဒနာခံစားနေရတဲ့ ကောင်မလေး Emily နဲ့ သူမရဲ့ မိခင်ဖြစ်သူတို့နဲ့ မထင်မှတ်ဘဲ ဆုံတွေ့မိပြီးနောက်... စည်းစိမ်ဥစ္စာတွေထက် ပိုမိုနက်ရှိုင်းတဲ့ ဘဝရဲ့ တန်ဖိုးအစစ်အမှန်တွေကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ပြထားပါတယ်။ File size… (2 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Family,Romance Duration…. 01:57:40 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း