Prison on Fire II
မင်းသားကြီး ချောင်ယန်ဖတ် (Chow Yun-fat)က Ching အဖြစ်သရုပ်ဆောင်ထားတဲ့ "ချင်း" ဟာ ပထမကားက သင်ခန်းစာတွေကြောင့် ထောင်ထဲမှာ ပြဿနာမဖြစ်အောင် တတ်နိုင်သမျှ ရှောင်ရှားပြီး အေးအေးဆေးဆေး နေထိုင်တတ်နေပါပြီ။ သူဟာ ထောင်တွင်း ဂိုဏ်းစတားတွေ လူမိုက်တွေနဲ့ လိုက်လျောညီထွေနေရင်း သူ့ရဲ့ ကျန်ရှိတဲ့ ထောင်ဒဏ်ရက်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းပြီး လွတ်ရက်ကိုပဲ စိတ်အေးလက်အေး စောင့်မျှော်နေတဲ့ ဝါရင့်အကျဉ်းသားတစ်ဦးအဖြစ် ဒီကားထဲ မြင်တွေ့ရမှာပါ။ ဒါပေမဲ့ အပြင်လောကက ကြေကွဲစရာ ဖြစ်ရပ်တစ်ခုက သူ့ရဲ့ အေးချမ်းမှုကို ရိုက်ခွဲလိုက်ပါတယ်။ မိဘမဲ့ဂေဟာမှာ ရှိနေတဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားလေးဟာ စိတ်ဒဏ်ရာတွေရပြီး အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်း သိလိုက်ရတဲ့အခါ "ချင်း" တစ်ယောက် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး သားဖြစ်သူဆီ ရောက်အောင်သွားဖိုအတွက် သူဟာ ထောင်ဖောက်ပြေးပါတော့တယ် ဒီဇာတ်ကားရဲ့ အသက်ကတော့ ၉၀ ပြည့်လွန်နှစ်များက ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီး (Mainland) ကြားထဲက လူမျိုးစု ခွဲခြားဆက်ဆံမှုနဲ့ ပဋိပက္ခတွေကို အကောင်းဆုံးရိုက်ပြသွားတာပါပဲ ထောင်ထဲမှာ ဟောင်ကောင်အကျဉ်းသားတွေနဲ့ တရုတ်ပြည်မက လာတဲ့ အကျဉ်းသားတွေကြားက အားပြိုင်မှု၊ အပြန်အလှန် အထင်သေးမှုတွေနဲ့ ဝါဒတွေရဲ့ သွေးထိုးလှုဆော်မှုတွေက ဇာတ်လမ်းကို ပိုပြီး ကြည့်ကောင်းသွားစေတာပါပဲ ဒါဟာ ရိုးရိုးထောင်တွင်း Action ကားတစ်ကားတင် မဟုတ်ဘဲ အဲ့ဒီခေတ်က လူမှုရေး၊ နိုင်ငံရေး နောက်ခံတွေကိုပါဆွဲဆောင်မှုရှိရှိ တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ
ဇာတ်လမ်းအကြောင်း