ဇာတ်ကားများ ရွေးရန်

Remittance

2016ဇာတ်ကားအမှတ် 7.3/1089 မိနစ်

Remittance (2016) စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို သဘာဝကျကျပုံဖော်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ် ဇာတ်လမ်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုကို ငွေကြေးထောက်ပံ့ဖို့အတွက်... စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်တဲ့ Marieဆိုတဲ့ အမျိုးသမီးအကြောင်း ဖြစ်ပါတယ်။ အမိမြေကို စွန့်ခွာလာတဲ့ သူမဟာ နေရပ်မှာရှိတဲ့ ဒုက္ခတွေကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမဲ့... စင်ကာပူကို ရောက်တဲ့အခါမှာလည်း ပင်ပန်းဆင်းရဲမှု၊ အထီးကျန်မှုနဲ့ ယဉ်ကျေးမှုမတူညီမှုဆိုတဲ့ အခြားသော ဒုက္ခသစ်တွေနဲ့ ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီကြားထဲမှာ ဖိလစ်ပိုင်က သူမရဲ့ ခင်ပွန်းဖြစ်သူဟာလည်း ငွေတွေကို ဖြုန်းတီးပြီး သူမအပေါ် သစ္စာဖောက် သွားခဲ့တယ်ဆိုတာကို သိလိုက်ရတဲ့အခါ မာရီရဲ့ ကမ္ဘာလေး ပျက်စီးသွားခဲ့ရပါတယ်။ ဒါပေမဲ့ သူမဟာ လက်မလျှော့ဘဲ စင်ကာပူက အိမ်အကူသူငယ်ချင်းတွေရဲ့ အကူအညီနဲ့အတူ... မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဘဝသစ်တစ်ခုကို စင်ကာပူမြေပေါ်မှာ စတင်တည်ဆောက်ပါတော့တယ်။ အချိန်ကြာလာပြီး စင်ကာပူက လွတ်လပ်တဲ့ ဘဝသစ်ထဲမှာ ပျော်မွေ့လာတဲ့အခါ... မာရီဟာ လမ်းဆုံလမ်းခွတစ်ခုကို ရောက်ရှိလာပါတော့တယ်။ အဲဒါကတော့— သူမရဲ့ ကိုယ်ပိုင်ရည်မှန်းချက် အိပ်မက်တွေကို ရွေးချယ်မလား၊ ဒါမှမဟုတ် မိခင်တစ်ဦးအနေနဲ့ ဖိလစ်ပိုင်က သားသမီးတွေအပေါ် ထမ်းဆောင်ရမယ့် မိသားစုတာဝန်တွေကိုပဲ ဆက်ပြီး အနစ်နာခံမလားဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း