ဇာတ်ကားများ ရွေးရန်

Until She Remembers

2026ဇာတ်ကားအမှတ် 7.2/10107 မိနစ်

Until She Remembers (2026) ကိန်းရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ အကောင်းဆုံး ဒါရိုက်တာဆုရဖူးတဲ့ ဒါရိုက်တာ Brillante Mendoza ရဲ့ လက်ရာဖြစ်လို့... ပုံမှန် မျက်ရည်ချူတဲ့ ဒရမ်မာမျိုးမဟုတ်ဘဲ အသက်ကြီးပိုင်းမှာ ဖြစ်ပွားတတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးမှု ဝေဒနာနောက်ခံနဲ့အတူ မိသားစုဝင်တွေရဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ သံယောဇဉ်တရားတို့ကို ပုံဖော်ထားတဲ့ Drama / Family ရုပ်ရှင်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ အသက်အရွယ်ကြီးရင့်လာချိန်မှာ ထာဝရအမှောင်ထုထဲကို တဖြည်းဖြည်းချင်း နစ်မြုပ်သွားသလိုမျိုး မိမိကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်နဲ့ မိသားစုကိုပါ တဖြည်းဖြည်း မေ့လျော့လာတဲ့ မှတ်ဉာဏ်ချို့ယွင်းမှု ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ အကြောင်းကို ဗဟိုပြုထားပါတယ်။ သူမရဲ့ ဘေးနားမှာတော့ သစ္စာရှိလှတဲ့ ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူတို့ ရှိနေပြီး... သူမရဲ့ ပျောက်ဆုံးပျက်ပြယ်လုနီးပါး ဖြစ်နေတဲ့ ဘဝဇာတ်ကြောင်းတွေ၊ အတိတ်က အမှတ်တရတွေကို ပြန်လည်မှတ်မိလာစေဖို့အတွက် ဘေးနားကနေ မနားမနေ သီးခံပြုစုရင်း တိတ်တဆိတ် အနစ်နာခံ စောင့်ရှောက်ပေးကြပါတယ်။ သူမ ဘာမှမမှတ်မိတော့တဲ့ အချိန်မှာတောင်... "ချစ်ခြင်းမေတ္တာဆိုတာ အသိဥာဏ်နဲ့ မှတ်မိနေခြင်းထက် ပိုမိုနက်ရှိုင်းတဲ့ နှလုံးသားခံစားချက် ဖြစ်တယ်" ဆိုတာကို သက်သေပြရင်း... သူမ စိတ်ထဲကနေ ပြန်လည်သတိရလာမယ့် နေ့ရက်အထိ မိသားစုဝင်တွေက စိတ်ရှည်လက်ရှည်နဲ့အလှည့်အပြောင်းတွေကို ရုန်းကန်ရင်ဆိုင်ကြပုံကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း