Mediterranean Fever
အသက်လေးဆယ်အရွယ် ဝဲလိဒ်ဟာ စိတ်ကျရောဂါအတွက် နှစ်သိမ့်ဆွေးနွေးကုသမှု ခံယူနေရသူပါ။ သားသမီးနှစ်ယောက်ရဲ့ ဝေယျာဝစ္စနဲ့ ကိုယ့်စိတ်အခြေအနေကြားမှာ ပင်ပန်းပြီး ဘဝကို စိတ်ကုန်နေတယ်။ စာရေးဖို့ အလုပ်ကထွက်ထားပေမယ့် ရေးချင်စိတ်ပေါ်လာအောင် လှုံ့ဆော်ပေးမယ့်အရာကို မရှာတွေ့ဘဲ ဘာကိုမှ စိတ်ပါလက်ပါ မလုပ်နိုင်ဖြစ်နေပါတယ်။ ဒီလိုနဲ့ သူ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက် ပြောင်းလာတယ်။ စကားများ၊ စပ်စုတတ်ပြီး အလိုက်မသိ သီချင်းတွေကို အသံအကျယ်ကြီးဖွင့်တဲ့ ဂျလဲကို ဝဲလိဒ်က အစပိုင်းမှာ ကြည့်မရဘူး။ နောက်တော့ ဂျလဲဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်သူမှန်း သိလာလို့ သူ့ဘဝထဲကို လက်ခံပေးလိုက်ပါတယ်။ အဲဒီနောက် ဝဲလိဒ်က အရင်နဲ့မတူဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ တက်ကြွလာတယ်။ ဇနီးဖြစ်သူကလည်း ခင်ပွန်း စိတ်ကျရောဂါကနေ သက်သာလာတော့မယ်လို့ မျှော်လင့်ပြီး ဂျလဲကို ကျေးဇူးတင်နေပါတယ်။ ဒါပေမယ့် ဂျလဲကြောင့် ဝဲလိဒ် ပြောင်းလဲလာတာလား၊ ဝဲလိဒ်ကပဲ ဂျလဲကို ပြောင်းလဲစေတာလားဆိုတဲ့ မေးခွန်းလည်း ရှိနေတယ်။ အကျင့်စရိုက်မတူတဲ့ အိမ်နီးချင်းနှစ်ယောက် သူငယ်ချင်းဖြစ်လာရာကနေ ဇာတ်လမ်းက တဖြည်းဖြည်း အမှောင်ဘက်ကို ရောက်သွားပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ပါလက်စတိုင်း Comedy/Drama ရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း