Burial
ဒုတိယကမ္ဘာစစ်အတွင်း ဘာလင်တိုက်ပွဲ ပြီးဆုံးခါနီးမှာ ဘာလင်မြို့က ရုရှားထောက်လှမ်းရေး ဘရာနာနဲ့ တပ်သားတချို့ဟာ အထူးလျှို့ဝှက်တာဝန်တစ်ခု ရလာပါတယ်။ ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို ရုရှားခေါင်းဆောင် စတာလင်ဆီ သယ်ပို့ပေးဖို့ပါ။ လျှို့ဝှက်တာဝန်ဖြစ်လို့ လေယာဉ်သုံးခွင့်မရှိသလို ဘာလင်မှာ ကျန်ခဲ့တဲ့ ရဲဘော်တွေနဲ့လည်း အဆက်အသွယ် မလုပ်ရပါဘူး။ သေတ္တာထဲမှာ ဘာပါသလဲဆိုတာ ဘရာနာနဲ့ တခြားခေါင်းဆောင်နှစ်ယောက်ပဲ သိထားကြတယ်။ တပ်သားတွေကတော့ အထဲကအရာကို မသိပေမယ့် အမိန့်အတိုင်း အသက်နဲ့ရင်းပြီး ကာကွယ်ဖို့ အသင့်ရှိနေကြပါတယ်။ ညဘက်မှာ တစ်ယောက်ယောက် လာသတ်ပြီး သေတ္တာယူသွားမှာစိုးလို့ ညရောက်တိုင်း မြေကျင်းတူးပြီး မြှုပ်ထားကြတယ်။ မနက်ကျမှ ပြန်ဖော်ပြီး ခရီးဆက်ကြရတာပါ။ သူတို့ သယ်လာတဲ့ သေတ္တာကို လိုချင်နေတဲ့ တခြားအဖွဲ့လည်း ရှိနေပါတယ်။ လမ်းတစ်လျှောက်မှာတော့ စစ်ဘေးဒဏ်ကြောင့် စစ်သားတွေကိုသာမက လူမြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေရှိနေတယ်။ ဒီအခြေအနေတွေကြားကနေ ဘရာနာတို့ သေတ္တာကို သတ်မှတ်ထားတဲ့နေရာအထိ ပို့နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း