The Great Arch aka L'inconnu de la Grande Arche
The Great Arch (2025) နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ လူကြိုက်များနေတဲ့ ဖြစ်ရပ်မှန်အခြေခံ ပြင်သစ်ဗိသုကာဒရာမာရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ပြင်သစ်သမ္မတ ဖရန်ဆွာမစ်တီရန်ဟာ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အထွတ်အထိပ်ဖြစ်စေမယ့် ပြင်သစ်ဗိသုကာလက်ရာကြီးတစ်ခု တည်ဆောက်ဖို့အတွက် နိုင်ငံတကာ ဗိသုကာပြိုင်ပွဲကြီးတစ်ခုကို လျှို့ဝှက်ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲဟာ ပါရီမြို့ရဲ့ နာမည်ကြီး Louvre ပြတိုက်နဲ့ Arc de Triomphe တို့နဲ့ တစ်တန်းတည်း ကျရောက်မယ့် ပါရီမြို့အနောက်ဘက်က La Défense နယ်မြေမှာ အသစ်ဆောက်မယ့် he Great Arch လို့ခေါ်တဲ့ မုခ်ဦးကြီးကို ဒီဇိုင်းဆွဲရမယ့် ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ဗိသုကာပညာရှင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပေမဲ့ အားလုံးကို အံ့အားသင့်စေပြီး ပြိုင်ပွဲမှာ အနိုင်ရသွားခဲ့သူကတော့ ပြင်သစ်မှာ ဘယ်သူမှမသိတဲ့၊ ကိုပင်ဟေဂင်မြို့က ဂျိုဟန်အော့တိုဗွန်စပရက်ကယ်ဆန်ဆိုတဲ့ အသက် ၅၃ နှစ်အရွယ် ဒိန်းမတ်ဗိသုကာကထိက ဖြစ်နေခဲ့ပါတယ်။ သူဟာ တစ်သက်လုံးမှာ ဘုရားကျောင်းငယ်လေး သုံးလေးခုနဲ့ သူ့ကိုယ်ပိုင်အိမ်လောက်ပဲ ဆောက်ဖူးတဲ့ အသိုင်းအဝိုင်းပြင်ပက လူတစ်ယောက်ပါ။ သူ့ရဲ့ ရိုးရှင်းပြီးတဲ့ ကုဗတုံးဒီဇိုင်းဟာ ပါရီတစ်မြို့လုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ချက်ချင်းဆိုသလိုပဲ သူနဲ့ သူ့ဇနီးတို့ ပါရီမြို့ကို ရောက်ရှိလာကာ ဒီဧရာမပရောဂျက်ကြီးကို ဦးဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အနုပညာသန့်စင်မှုကိုပဲ အလေးထားတဲ့ ဗိသုကာပညာရှင်ရဲ့ စိတ်ကူးအိပ်မက်ဟာ လက်တွေ့ဆောက်လုပ်ရေးလောကက ဘတ်ဂျက်ကန့်သတ်ချက်တွေ၊ ဗျူရိုကရေစီယန္တရားထဲက စက်သွားတွေရဲ့ အတ္တ၊ ကိုယ်ကျိုးရှာမှုတွေနဲ့ တိုက်ရိုက်တိုးမိတဲ့အခါမှာတော့...။ File size… 2.1 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း