Bâan -The Boundaries of Adulthood-
Bâan: The Boundary of Adulthood (2025) ဒီ Anime ရုပ်ရှင်တိုလေးရဲ့ ထူးခြားချက်ကတော့ ဦးဆောင်ဖန်တီးသူက ဂျပန်တွေမဟုတ်ပဲ Anime ဆိုင်ရာ YouTuber တစ်ယောက်ဖြစ်တဲ့ UK မှာမွေးတဲ့ ထိုင်းလူမျိုး Garnt Maneetapho (Gigguk) ဖြစ်ပါတယ်။ ဒါပေမဲ့ Animation တာဝန်ခံကတော့ ဂျပန်ကုမ္ပဏီ Studio Daisy နဲ့ ဂျပန်ဒါရိုက်တာတွေပါပဲ။ ဇာတ်ကားလေးရဲ့နာမည် Bâan ဆိုတာကလည်း ထိုင်းလို "အိမ်" လို့ အဓိပ္ပာယ်ရပါတယ်။ ဒီ ရုပ်ရှင်တိုလေးက ကြာမြင့်ချိန် ခဏလေးဆိုပေမဲ့ ကြည့်ရတာ Animation လည်း ကောင်းတယ် နောက်ခံတေးဂီတနဲ့ သီချင်းတွေလည်း တော်တော်ကိုမိုက်တဲ့အပြင် Concept လေးကလည်း ရိုးရှင်းပေမဲ့ အနှစ်သာရရှိနေတော့ ကြည့်ရတာတောင် အားမရချင်ဘူးရယ်။ ဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန် မှော်ပညာနဲ့ ထူးခြားဆန်းကြယ်တွေရှိတဲ့ Euthania ဆိုတဲ့ကမ္ဘာနဲ့ ခေတ်သစ်ဂျပန်နဲ့က Warp Gate တစ်ခုနဲ့ ချိတ်ဆက်ထားတော့ ဟိုဖက်ဒီဖက် သွားလာလို့ရတယ်ပေါ့။ အဲဒီမှာ ဂျပန်နိုင်ငံက မိဘတွေရဲ့ ချုပ်ချယ်မှုတွအောက်ကနေ ရုန်းထွက်ပြီး လွတ်လပ်မှုကို ရှာဖွေချင်တဲ့ Daiichi ဆိုတဲ့ကောင်လေးက Euthania ကို သွားပြီး ပြောင်းရွှေ့နေထိုင်တယ်။ Euthania က Rin ဆိုတဲ့ကောင်မလေးကကျ လူသားတွေနေထိုင်တဲ့ ဂျပန်နိုင်ငံကို လွတ်လပ်စွာရပ်တည်နိုင်ဖို့ဆိုပြီး ထွက်ခွာလာခဲ့တယ်။ အဲဒီမှာ နှစ်ယောက်သား သူစိမ်းနယ်မြေမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ဘယ်လိုရပ်တည်မလဲဆိုတာကို ရုန်းကန်ရတာတွေ အိမ်ကိုလွမ်းဆွတ်တဲ့စိတ်တွေကို လှပစွာဖော်ကျူးပြထားတာပါ။ မွေးရပ်မြေကို စွန့်ခွာပြီး သူများနိုင်ငံမှာ သွားပြီး အလုပ်လုပ်ကြိုးစားနေရတဲ့သူတွေဆို ရင်ထဲကို ပိုထိလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ဆုံးခန်းက သီချင်းလေးနဲ့ဆို အမှတ်မထင်ရင် မျက်ရည်တောင်ကျသွားနိုင်သေးတာမို့ ကြည့်ရှုခံစားပေးပါဦးလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ...။
ဇာတ်လမ်းအကြောင်း