ဇာတ်ကားများ ရွေးရန်

Flux

2026ဇာတ်ကားအမှတ် 6.7/10

Flux (2026) ပုံမှန် ရဲဖမ်းပြေး ရာဇဝတ်ကားမျိုး မဟုတ်ဘဲ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေနဲ့ ပုံဖော်ထားတဲ့ Indie Crime Mystery ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရပြီး ရဲတွေရဲ့ ပြစ်မှုမှတ်တမ်းထဲမှာ အမြဲပါဝင်နေတဲ့ Brian Espinosa အကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ ချစ်သူကောင်မလေး Melody ဟာ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမိကာ သေလုမြောပါး ဖြစ်သွားခဲ့ပါတယ်။ ကြောက်လန့်တကြားဖြစ်သွားတဲ့ Brian ဟာ ဘာလုပ်ရမှန်းမသိဘဲ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Sarah ကို အသည်းအသန် အကူအညီလှမ်းတောင်းလိုက်ပါတယ်။ ဒါပေမဲ့ Sarah ရောက်လာတဲ့အခါမှာတော့ ထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်သွားပါတယ်။ သေဆုံးသွားပြီလို့ ထင်ရတဲ့ Melody ဟာ အသက်ပြန်ရှင်လာပြီး တစ်ခြားတစ်ယောက်လို ထူးထူးဆန်းဆန်းကြီး ပြောင်းလဲနေတာပါပဲ။ တစ်ဖက်မှာလည်း Brian ကို ရာဇဝတ်မှုဝရမ်းနဲ့ ဖမ်းဆီးဖို့အတွက် စုံထောက်ကြီးတွေဖြစ်တဲ့ Madsen နဲ့ Slater တို့ဟာ အိမ်ဆီကို တရွေ့ရွေ့ ဦးတည်လာနေကြပါတယ်။ ရဲတွေရောက်မလာခင် ဒီအိမ်ကလေးထဲမှာ သဘာဝလွန် ထူးဆန်းမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ဘယ်လိုမျိုး သွေးပျက်စရာ ကောင်းအောင် ဇာတ်ရှိန်တက်လာမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမယ့် ကားမျိုး ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း