Nidstang
Nidstang (2026) 2026 ခုနှစ်မှာပဲပူပူနွေးနွေးထွက်ထားတဲ့ Nidstang ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Horror နဲ့ Thriller ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ "နစ်ခ်" နဲ့ "အာနာ" ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးသူ သူငယ်ချင်းနှစ်ယောက်ဟာ သူတိုရဲ့ ဇာတ်လမ်းတိုလေးကို ရိုက်ကူးဖိုအတွက် ပိုက်ဆံလိုအပ်နေခဲ့တာပါ အဲ့ဒီအချိန်မှာပဲလျှိဝှက်တဲ့ အလှူရှင်တစ်ဦးဆီကနေ ငွေကြေးထောက်ပံ့မှု တစ်ခုရရှိခဲ့ပါတယ် ပထမတော့ သူတိုရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်ပြီဆိုပြီး ပျော်ရွှင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီငွေကြေးပံ့ပိုးမှုရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေ ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေနဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အထိ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ ရင်ဆိုင်လာရပါတော့တယ် ဇာတ်လမ်းကအစပိုင်းမှာ ရိုးရှင်းသလိုလိုနဲ့ နောက်ပိုင်းမှာ လျှိဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး ပရိသတ်ကို ဆွဲခေါ်သွားပါလိမ့်မယ် ငွေကြေးထောက်ပံ့တဲ့သူက ဘယ်သူလဲ၊ ဘာကြောင့် ထောက်ပံ့တာလဲဆိုတဲ့ ပဟေဠိတွေနဲ့အတူ ဘာတွေပြန်ပေးဆပ်ရမှာလဲဆိုတာကိုတော့ မသိခဲ့တဲ့သူတိုနှစ်ယောက်အတွက် ……… အချိန်အရှည်ကြီးမဟုတ်ဘဲ ၁ နာရီခွဲဝန်းကျင်ပဲ ရှိတာမို ပေါ့ပေါ့ပါးပါးနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုချင်သူတွေအတွက် အဆင်ပြေစေမယ့် Horror& Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ
ဇာတ်လမ်းအကြောင်း