ဇာတ်ကားများ ရွေးရန်

One Hour Girlfriend

2026ဇာတ်ကားအမှတ် 6.5/1071 မိနစ်

One Hour Girlfriend (2026) လူသားတွေရဲ့ အထီးကျန်မှု၊ အချိန်ရဲ့ ကန့်သတ်ချက်နဲ့ စိတ္တဗေဒဆန်ဆန် ခံစားချက်တံတိုင်းတွေကို ၁ နာရီဆိုတဲ့ အချိန်တိုလေးအတွင်းမှာ မြှို့သိပ်စွာ ပုံဖော်ထားတဲ့ အမေရိကန် Psychological Drama ရုပ်ရှင်ကားတို တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူမှုပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး အင်မတန်မှ အထီးကျန်ဆိတ်ငြိမ်စွာ နေထိုင်တတ်တဲ့ အမျိုးသားတစ်ဦးအကြောင်း ဖြစ်ပါတယ်။ သူဟာ အချစ်နဲ့ ရင်းနှီးကျွမ်းဝင်မှု ဆိုတဲ့အရာကို စိတ်ကူးယဉ်မှုထက်... စည်းကမ်းသတ်မှတ်ချက်တွေနဲ့ သေသေချာချာ ထိန်းချုပ်ထားတဲ့ သိပ္ပံနည်းကျ စမ်းသပ်ချက်တစ်ခုလို သဘောထားသူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ဖို့အတွက် အမျိုးသမီးတစ်ဦးကို အချိန်အတိအကျ "၁ နာရီ" သာ ကြာမြင့်မယ့် အဖော်အဖြစ်ငွေကြေးပေးပြီး ငှားရမ်းခဲ့ပါတယ်။ အစပိုင်းမှာတော့ သူဟာ စည်းကမ်းဘောင်တွေ၊ ငွေကြေးအရ ဆက်ဆံရေးတွေနဲ့ ကျောက်ရုပ်လို တင်းခံထားခဲ့ပေမဲ့... မိနစ်တွေ တရွေ့ရွေ့ ကုန်ဆုံးလာတာနဲ့အမျှ သူတို့နှစ်ဦးကြားက စကားပြောခန်းတွေ၊ အကြည့်တွေကတစ်ဆင့် သူတည်ဆောက်ထားတဲ့ စိတ်ခံစားမှု တံတိုင်းကြီးဟာ တဖြည်းဖြည်းချင်း အရည်ပျော် ယိုယွင်းလာပါတော့တယ် ။ အချိန်စေ့ခါနီးလာတဲ့အခါမှာတော့... အဆိုပါ အချိန်တိုလေးက ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးရတော့မယ့် နှလုံးသားဒဏ်ရာတွေနဲ့ သူ့ဘဝရဲ့အကြောင်းကိုရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း