ဇာတ်ကားများ ရွေးရန်

Run to the West

2025ဇာတ်ကားအမှတ် 6.5/1061 မိနစ်

Run to the West (2025) ဒီတစ်ခေါက်မှာတော့ Black Out ထဲက မင်းသား Byun Yo-Han, Low Life ထဲက မင်းသား Yang Se-Jong, Wonderful World ထဲက မင်းသား Kim Kang-Woo, Aema ထဲက မင်းသမီး Bang Hyo-Rin, နဲ့ မင်းသား Lim Hyung-Jun, As You Stood By ထဲက မင်းသား Lee Mu-Saeng တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်အက်ရှင် ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးရုပ်ရှင် THE OUTLAWS ရဲ့ ဒါရိုက်တာ ဂန်ယွန်းဆောင်းက ရိုက်ကူးထားပြီး ဇာတ်ကွက်တချို့ကို AI နည်းပညာ အသုံးပြုဖန်တီးထားတဲ့ ပထမဆုံး ကိုးရီးယားရုပ်ရှင်မို့လို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲနော်။ - ဇာတ်လမ်းအကျဉ်း - မိခင်ရဲ့ ဈာပနပွဲအတွက် နိုင်ငံခြားကနေ ပြန်လာရင်း လူမိုက်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့ လောင်းကစားဆိုဒ်သူဌေး ဂျယ်ဘုမ်း (Yang Se-Jong) ကို ဈာပနပွဲမှာ ရောက်ရှိနေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဘလက်အေးဂျင့် အီဂျောင်ဝန်း (Byun Yo-Han)၊ ရုပ်သံဌာန ပီဒီ ဂင်ဆော့ထယ် (Lim Hyung-Jun)၊ ရဲအရာရှိ ဂျိုမင်ယောင်း (Kim Kang-Woo)၊ မင်းသမီး ဘန်ဆောအာ (Bang Hyo-Rin) တို့ လေးဦးက ကယ်တင်ဖို့ ကြိုးစားရင်းကနေ ယာဉ်တိုက်မှုဖြစ်သွားခဲ့ပါတယ် အဲဒီလိုကနေ သူတို့တွေက လူတစ်ယောက် သေဆုံးသွားတဲ့အခါ နောက်ဘဝမကူးခင် ခဏတာ လှည့်လည်ရှင်သန်ရတဲ့ ကြားလောကထဲမှာ ပိတ်မိသွားပြီး ဝိညာဉ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ သေမင်းတမန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတဲ့အခါမှာတော့... ရှင်လူလည်းမဟုတ် သေလူလည်းမဟုတ်တဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ သူတို့တွေ ဘယ်လိုမျိုး အသက်လုရုန်းကန်သွားကြမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File Size : 1.36GB/ 620MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 02m Genre : Action, Fantasy Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း