Little Shark's Day Out The Movie: A Friend in a Big City
Little Shark's Day Out The Movie: A Friend in a Big City (2025) ဒီချစ်စရာ Anime လေးကတော့ အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါး အပန်းဖြေ မိသားစုနဲ့ ကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Yauo ဆိုတဲ့ မြို့လေးက ငါးမန်းကလေး Kozame-chan တစ်ကောင် Tokai ဆိုတဲ့ မြို့ပြကြီးတစ်မြို့ကို အူလည်လည်နဲ့ ရောက်သွားတဲ့ စွန့်စားခန်းလေးပါ။ အဲဒီမြို့ကြီးမှာ သူ့လိုပဲ ချစ်စရာကောင်းပြီး ထူးဆန်းတဲ့ သတ္တဝါလေးတွေနဲ့ ဆုံတွေ့ကြတာတွေ၊ လူမိုက်ပုံစံပေါက်နေပေမဲ့ တကယ်တမ်း စိတ်သဘောထားကောင်းမွန်တဲ့သူနဲ့ ဆုံတွေ့ရတာတွေ၊ အလုပ်တွေပိပြီး ရုန်းကန်နေရတဲ့ ကုမ္ပဏီဝန်ထမ်းလေးနဲ့ သံယောဇဉ်တွေ တွယ်ခဲ့ရတာတွေနဲ့ စသဖြင့် ပေါင်းစုံ ကြုံတွေ့ ကျော်ဖြတ်ရတာလေးတွေကို ကြည့်ရမှာပါ။ ချစ်ခြင်းမေတ္တာနဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေကို နွေးနွေးထွေးထွေး ပုံဖော်ပေးထားတဲ့ Healing Anime ကားကောင်းလေး တစ်ကားဖြစ်လို့ စိတ်အမောပြေစေမယ့်ကားလေးပါပဲ..။
ဇာတ်လမ်းအကြောင်း