ဇာတ်ကားများ ရွေးရန်

Snatched From The Crib

2025ဇာတ်ကားအမှတ် 6.2/10

Snatched from the Crib (2025) ဂတ်ဘီဟာ သူ့ရဲ့ ကိုယ်ဝန်ဆောင် အစ်မဝမ်းကွဲ ပျောက်ဆုံးသွားတဲ့အတွက် လိုက်ရှာရင်း ရှာဖွေမှုက ထင်ထားတာထက် ပိုမိုကြောက်မက်ဖွယ် ဖြစ်လာပြီး နောက်ဆုံးမှာ သူ့အစ်မရဲ့ အလောင်းကို တွေ့ရှိရပေမယ့် မွေးဖွားခါနီး ကလေးကတော့ ပျောက်ဆုံးနေခဲ့ပါတယ် ဒီဖြစ်ရပ်ဆိုးကြောင့် ဂတ်ဘီဟာ တုန်လှုပ်ခြောက်ခြားသွားရပြီး ​သေသွားပြီဖြစ်တဲ့ အစ်မအတွက် တရားမျှတမှု ရှာဖွေပေးဖိုနဲ့ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ရန်အတွက် ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို ဆုံးဖြတ်လိုက်ပါတယ် စုံစမ်းရင်းနဲ့ သံသယရှိသူတွေ၊ လျှိဝှက်ချက်တွေ၊ လိမ်လည်ဖုံးကွယ်မှုတွေကို တစ်ဆင့်ချင်း ဖော်ထုတ်လာရပြီး သူ့ရဲ့ အသက်အန္တရာယ်တောင် ထိခိုက်လာနိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာပါတော့တယ် နောက်ကွယ်က ရက်စက်လှတဲ့ အမှန်တရားတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ... ကိုယ်ဝန်​ဆောင်မိန်းက​လေးကို ဘယ်သူ သတ်ခဲ့တာလဲ.... ဗိုက်ထဲက ကလေးကို ဘယ်သူ ခိုးသွားတာလဲ.... ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ movie လေးပါပဲ

ဇာတ်လမ်းအကြောင်း