ဇာတ်ကားများ ရွေးရန်

The Invisible

2007ဇာတ်ကားအမှတ် 6.4/10102 မိနစ်

The Invisible (2007) နစ်ကိုလတ်ဟာ အဖေဖြစ်သူ ဆုံးသွားပြီးတဲ့နောက်မှာ အမေတစ်ခု သားတစ်ခုနဲ့ ဘဝကို ဖြတ်သန်းနေရသူ ဖြစ်ပြီး အမေဖြစ်သူ မုဆိုးမအတွက် ဂုဏ်ယူရတဲ့ သားကောင်းတစ်ယောက်အဖြစ် စည်းတွေ ဘောင်တွေကြားမှာ မွန်းကျပ်စွာ နေထိုင်နေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ။ အန်နီဆိုတဲ့ကောင်မလေးကတော့ ကျောင်းမှာ နစ်ခ်နဲ့ တစ်တန်းတည်းဖြစ်ပြီး အဖေဖြစ်သူက နောက်မိန်းမယူထားလို့ အိမ်တွင်းရေးအဆင်မပြေတဲ့အတွက် ကျောင်းမှာ လူရမ်းကားအုပ်စုနဲ့ အဖွဲ့ကျပြီး အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့ အန်နီဟာ စိတ်ရူးပေါက်ပြီး ရတနာဆိုင်တစ်ခုကို ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းတွေ ခိုးခဲ့ပါတယ်။ သူမက တိုင်တဲ့လူကို သည်းကြီးမဲကြီးလိုက်ရှာရင်း နစ်ခ်လက်ချက်လို့ ထင်သွားရာကနေ နစ်ခ်ကို ပညာပေးဖို့ လုပ်ရင်းက လက်လွန်သွားပြီး နစ်ခ်ဟာ အသက်ရှူရပ်သွားခဲ့ပါတယ်။ ထောင်ကျမခံနိုင်တဲ့ အန်နီတို့ လူရမ်းကာအုပ်စုဟာ နစ်ခ်ကို တောအုပ်ထဲမှာ မြုပ်ခဲ့ပြီး နစ်ခ်ကတော့ သူ့ကိုယ်သူ ဘာဖြစ်မှန်းမသိပဲ သူ့ဝိညာဉ်က ပုံမှန်အတိုင်း ကျောင်းလာတက်ရာကနေ သူ့ကို ဘယ်သူမှ မမြင်နိုင်မှန်း သိလိုက်ရပါတယ်။ ဒီတော့ နစ်ခ်က တကယ်ပဲ သေသွားခဲ့ပြီလား၊ အန်နီကရော သူ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုအကျိုးဆက်ရှိမလဲ၊ နစ်ခ်ဝိညာဉ်က ဘာလို့ အပြင်မှာ ရှိနေသေးတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း