ဇာတ်ကားများ ရွေးရန်

The Marked Woman

2026ဇာတ်ကားအမှတ် 5.5/10109 မိနစ်4K

The Marked Woman (2026) IMDb Rating (5.5) ဒဏ်ရာတွေနဲ့သတိလစ်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘာစီလိုနာဆိပ်ကမ်းမှာဆိပ်ကပ်ထားတဲ့ ကုန်တင်သင်္ဘောပေါ်က ကွန်တိန်နာတစ်လုံးထဲမှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ချိန်မှာ အဲ့ဒီအမျိုးသမီးဟာ သူ့အမည်နဲ့မည်သူမည်ဝါဖြစ်ကြောင်းကိုလုံး၀ မှတ်မိခြင်းမရှိပဲ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ဝေဒနာကိုခံစားနေရတာ သိလိုက်ရပါတယ်။ ဆေးရုံကုတင်ပေါ်မှာ သတိမေ့နေတဲ့ သူ့ကို လူတစ်ယောက်က လာရောက်လုပ်ကြံဖို့ကြိုးစားခဲ့ချိန်မှာတော့အခြေအနေတွေက ပိုပြီးရှုပ်ထွေးသွားခဲ့ပါတယ်။ ပိုပြီး ပဟေဠိဆန်နေတာက ဒဏ်ရာတွေအထပ်ထပ်နဲ့သူဟာသူ့ကိုလာလုပ်ကြံတဲ့ အားကောင်းမောင်းသန်အမျိုးသားကို နှစ်ဦးချင်းရင်ဆိုင်တိုက်ခိုက်ပြီး သတ်ပစ်လိုက်နိုင်တာပါပဲ။ ဒီအမှုကိုစုံစမ်းစစ်ဆေးဖို့ ရဲအရာရှိ အန်နာရီပေါလ်နဲ့ ကီကေးဇာရသ်တို့နှစ်ယောက်က တာဝန်ယူလိုက်ရချိန်မှာတော့အမှုနောက်ကွယ်က ကွင်းဆက်တွေဟာ ရိုးရှင်းမနေပဲ ကြေးစားလူသတ်သမားတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ အမှောင်လောကရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုဆီကို ဦးတည်နေတာ သိလိုက်ရပါတော့တယ်။ The Marked Woman ဟာ နာမည်ကြီး စာရေးဆရာမ Rosa Montero နဲ့ Olivier Truc တို့ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပီပြင်စွာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပထမဆုံးမိနစ်ပိုင်းကတည်းက ကွန်တိန်နာထဲက လျှို့ဝှက်ဆန်းကြယ်အမျိုးသမီးနဲ့အတူ ပုစ္ဆာတစ်ပုဒ်ကိုအစပျိုးပေးလိုက်ပြီး ဒီပုစ္ဆာရဲ့အကွေ့အကောက်အလှည့်အပြောင်းတွေ မထင်မှတ်တဲ့ကွင်းဆက်တွေနဲ့အတူ အဆုံးထိ လိုက်ပါစီးမျောရမှာပါ။ File size… (6.3 GB) / (1.2 GB) / (740 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Thriller Duration…. 01:49:43 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း