ဇာတ်ကားများ ရွေးရန်

Meets the World

2025ဇာတ်ကားအမှတ် 7.2/10126 မိနစ်

Meets the World (2025) "ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့နေတဲ့အခါ... လောကကြီးက သင့်ကို သင်ခန်းစာအသစ်တွေ ပေးလာလိမ့်မယ်" ဂျပန် Slice of Life ကားလေးတွေ၊ ကြည့်ရင်းနဲ့ ရင်ထဲနွေးထွေးသွားစေမဲ့ Drama ကားကောင်းလေးတွေကို ရှာနေတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၅ ခုနှစ်ထွက် ဂျပန်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာဆိုရင် နာမည်ကျော် ဂျပန်မင်းသမီးချော Yû Aoi နဲ့အတူ Rihito Itagaki, Kotona Minami တို့က အဓိကပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Daigo Matsui က သေသေချာချာ ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဇာတ်လမ်းလေးကတော့ အသက် ၂၇ နှစ်အရွယ် ယူကာရီ (Yukari) ဆိုတဲ့ ကောင်မလေးအကြောင်းပါ။ ယူခါရီက Manga တွေကို အရမ်းရူးသွပ်တဲ့ အိုတာကုတစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့ကာ ချစ်ဖို့မေ့နေတဲ့သူလေးပေါ့။ အိုတာကုတို့ထုံးစံအတိုင်း သူ့အတွက် မန်ဂါတွေ အာနီမဲတွေကလွဲ ကျန်တာက ဖွဲဆန်ကွဲဖြစ်နေပြီး ရည်းစားထားဖို့ ချစ်ကြိုက်ဖို့ဆိုတာတွေ ဘဝမှာ လစ်ဟာနေသူပေါ့။ တစ်နေ့ကျတော့ သူ့ရဲ့ အိုတာကု သူငယ်ချင်းတွေအားလုံးက အိမ်ထောင်တွေကျ၊ ဝါသနာတွေကိုစွန့်လွှတ်ပြီး သူ့ဘေးကနေ အသီးသီး ထွက်သွားကြတဲ့အခါ ယူကာရီတစ်ယောက် အထီးကျန်လာပါတော့တယ်။ ဒါနဲ့ပဲ သူလည်း ရည်းစားထားဖို့ ဆုံးဖြတ်လိုက်ပြီး မိတ်ဆုံစားပွဲတွေ လိုက်လုပ်ပါတော့တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေနဲ့ပဲ အဆုံးသတ်သွားခဲ့တာပေါ့။ ဒီလို စိတ်ဓာတ်ကျပြီး အချစ်ရေးမှာ ကံခေနေတဲ့အချိန်မှာ မထင်မှတ်ဘဲ ရိုင်းဆိုတဲ့ ကလပ်မယ်လေးတစ်ယောက်နဲ့ ဆုံတွေ့သွားရာကနေ ယူခါရီရဲ့ ဘဝကြီး တဖြည်းဖြည်း ပြောင်းလဲလာပါတော့တယ်။ ဘဝနေနည်း မတူတဲ့ ကောင်မလေးနှစ်ယောက် ဆုံတွေ့တဲ့အခါ ယူခါရီတစ်ယောက် ရိုင်းနဲ့တွေ့ပြီးနောက် ဘယ်လိုအဆက်အသွယ်သစ်တွေ၊ မိတ်ဆွေသစ်တွေ ထပ်ရလာမလဲ… လောကကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့ ယူခါရီနဲ့ အသက်ရှင်ချင်စိတ်ပျောက်နေတဲ့ရိုင်းတို့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကတော့… လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့ ရုန်းကန်နေရတဲ့ လူငယ်တွေရဲ့ ဘဝကို ထိထိမိမိနဲ့ ပေါ့ပေါ့ပါးပါး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်လို့ ပိတ်ရက်မှာ Feel Good Vibe လေးနဲ့ အေးအေးဆေးဆေး ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ File size…1.74GB / 7977MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 7 min. Genre ….. Life, Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း