ဇာတ်ကားများ ရွေးရန်

Petals and Memories

2025ဇာတ်ကားအမှတ် 7.2/10119 မိနစ်

Petals and Memories (2025) စာရေးဆရာ Minato Shukawa ရဲ့ နာမည်ကြီးဆုရဝတ္တုတိုကို အခြေခံပြီးတော့ ဒါရိုက်တာMaeda Tetsu ရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး Ryohei Suzuki နဲ့ မင်းသမီးချော Kasumi Arimura တို့က မောင်နှမအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အိုဆာကာမြို့မှာနေထိုင်ကြတဲ့ မောင်နှမနှစ်ယောက်ဖြစ်တဲ့ တိုရှီကီနဲ့ ဖူမီကိုတို့ဟာ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့ကြတာမလို့ မောင်နှမနှစ်ယောက်တည်း အပြန်အလှန် အမှီသဟဲပြုပြီးတော့ ကြီးပြင်းလာခဲ့ကြသူတွေပါ။ အစ်ကိုဖြစ်သူ တိုရှီကီကို ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူက ညီမလေးကို အသက်နဲ့ရင်းပြီး ကာကွယ်ပါဆိုတဲ့ ကတိကြောင့် သူ့ကိုယ်ပိုင်ပညာရေးနဲ့ ဘဝတစ်ခုလုံးကို စွန့်လွှတ်ကာ ညီမဖြစ်သူကိုပဲ သေချာဂရုစိုက်ပြုစုပျိုးထောင်ပေးခဲ့သူပါ။ ထူးခြားတာကတော့ ညီမဖြစ်သူဟာ လူဝင်စားလေးဖြစ်နေတာပါပဲ။ ဖူမီကို ငယ်စဉ်က နေမကောင်းဖြစ်ပြီး ပြန်ကောင်းရာကနေ သူ့အတိတ်ဘဝအကြောင်းကို ပြန်မှတ်မိလာခဲ့သူပါ။ အချိန်တွေကြာလာတာနဲ့အမျှ ညီမလေးဖူမီကိုဟာ အရွယ်ရောက်လာပြီး တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်ရင်း ဘဝက တည်ငြိမ်သွားတဲ့နောက်မှာတော့ လက်ထပ်ဖို့ ပြင်ဆင်ပါတော့တယ်။ အစ်ကိုဖြစ်သူကလည်း ညီမလေးအတွက် စိတ်အေးရပြီလို့ ထင်နေတုန်းမှာပဲ လက်ထပ်ပွဲနီးမှ ဖူမီကိုရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေကို သတိထားမိလာပါတော့တယ်။ ဖူမီကိုရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေက ဘာတွေဖြစ်မလဲ ......... ဖူမီကိုရဲ့ ထူးထူးဆန်းဆန်း အပြုအမူတွေကြောင့် တိုရှီကီတို့မောင်နှမနှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.81GB / 830MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Life, Family, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း