You, Me & Her
You, Me & Her (2023) "မက်" နဲ့ "အက်ရှ်"တိုဟာ အိမ်ထောင်သက်ကြာလာပြီး ကလေးရပြီးနောက် အချစ်ရေးအေးစက်လာတဲ့ ဇနီးမောင်နှံ ဖြစ်ကြပြီး အငြင်းပွားမှုတွေ များလာတာကြောင့် နှစ်ယောက်တည်း အပန်းဖြေခရီးထွက်ပြီး ဆက်ဆံရေးကို ပြန်ကောင်းအောင် ကြိုးစားခဲ့ကြပါတယ် ခရီးစဉ်အတွင်း အဆက်မပြတ် အဆင်မပြေဖြစ်ခဲ့ကြပြီး "အန်ဂျလာ" ဆိုတဲ့ လွတ်လပ်ပေါ့ပါးတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ကြပါတယ် "အန်ဂျလာ" ကြောင့် မက် ဟာ မိခင်ဘဝ အိမ်ထောင်သည်ဘဝကြားမှာ ဖိနှိပ်ထားခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေကို ပြန်လည် ရှာဖွေတွေ့ရှိလာပါတယ် သူတိုနှစ်ယောက်ကြားမှာ စိတ်ခံစားမှုဆိုင်ရာ ဆွဲဆောင်မှုတွေ ဖြစ်ပေါ်လာပြီး အက်ရှ် ကလည်း ဒီအခြေအနေကို စိတ်ဝင်စားလာပါတယ် နောက်ပိုင်းမှာ သူတိုသုံးယောက်ဟာ threesome relationship တစ်ခုကို စမ်းသပ်ဖို စဉ်းစားကြပေမယ့် လက်တွေ့မှာတော့ မနာလိုမှု မလုံခြုံမှု ယုံကြည်မှု ပြဿနာတွေ ပေါ်လာပါတော့တယ် မက်နဲ့အက်ရှ်က သူတိုရဲ့ အမ်ထောင်ရေးကို ပြန်လည်အသက်သွင်းနိုင်မလား သုံးပွင့်ဆိုင်ဆက်ဆံရေးကရော အားလုံးလက်ခံနိုင်ကြတဲ့ အခြေအနေဖြစ်လာမလား သူတိုတွေ ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာကတော့... "You, Me & Her" ဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောကြည့်ရှုနိုင်ပြီး အချစ်နဲ့ ပတ်သက်တဲ့ ရှုထောင့်အသစ်တစ်ခုကို ဟာသအမြင်နဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း