ဇာတ်ကားများ ရွေးရန်

A Family

2021ဇာတ်ကားအမှတ် 7.2/10136 မိနစ်

ယာမာမိုတိုရဲ့ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့ရသူပါ။ နောက်ဆုံး ဆေးသုံးဖို့ ငွေတောင်မရှိတော့တဲ့အချိန်မှာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်ခဲ့တယ်။ ဒီအဖြစ်ကြောင့် ယာမာမိုတိုက ယာကူဇာတွေနဲ့ သူတို့ရဲ့မူးယစ်ဆေးဝါးကို အလွန်မုန်းတီးနေခဲ့ပေမယ့် ဘဝအလှည့်အပြောင်းတစ်ခုမှာ သူကိုယ်တိုင်လည်း ယာကူဇာတစ်ယောက် ဖြစ်လာပါတယ်။ ဇာတ်လမ်းမှာ ယာမာမိုတိုရဲ့ဘဝကို အခြေခံပြီး ဂျပန်နိုင်ငံမှာ ယာကူဇာဂိုဏ်းတွေကို ဖြိုခွင်းဖို့ ဥပဒေတွေ မပေါ်ပေါက်ခင်က အခြေအနေနဲ့ ဥပဒေပြဋ္ဌာန်းပြီးနောက် အခြေအနေကို ယှဉ်ပြထားတယ်။ ဥပဒေတွေ ထွက်လာပြီးနောက် ယာကူဇာတွေရဲ့ဘဝ ဘယ်လောက်ကျပ်တည်းလာသလဲ၊ ဂျပန်လူ့အသိုင်းအဝိုင်းရဲ့ ဝိုင်းပယ်မှုကို ဘယ်လိုခံကြရသလဲဆိုတာကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း