Infinite Storm
အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ပမ်ဟာ တောင်တက်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရသူပါ။ အေးစက်တဲ့ နိုဝင်ဘာလတစ်ရက်မှာ ရာသီဥတုဆိုးနေမှန်း သိပေမယ့် Mount Washington ကို ခါတိုင်းလိုပဲ တက်သွားခဲ့တယ်။ နောက်တော့ ရာသီဥတု အလွန်ဆိုးလာလို့ ပြန်လှည့်ဆင်းလာရပါတယ်။ အပြန်လမ်းမှာ နှင်းတွေကြားက အားကစားဖိနပ်ခြေရာတစ်ခုကို ပမ် တွေ့လိုက်တယ်။ ဒီဖိနပ်မျိုးစီးပြီး တောင်တက်လာသူတော့ ဒုက္ခရောက်နေလောက်ပြီလို့ တွေးမိပြီး လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဒရာမာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားက သူတစ်ပါးကို ကူညီချင်စိတ်ရှိပြီး လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စွန့်စားမှုကို အသက်ရှင်ရေးအတွက် ရုန်းကန်ရတဲ့ ဇာတ်လမ်းအဖြစ် ပုံဖော်ထားတာပါ။
ဇာတ်လမ်းအကြောင်း