ဇာတ်ကားများ ရွေးရန်

Personhood

2025ဇာတ်ကားအမှတ် 6.9/1097 မိနစ်

Personhood (2025) IMDb Rating (4.4) စပိန်နိုင်ငံရဲ့ကမ်းခြေတစ်ခုမှာ နေထိုင်တဲ့ ဝေလင် ဆိုတဲ့အမျိုးသားတစ်ယောက်၊ သူဟာ ပညာတတ်လူချမ်းသာတစ်ယောက်ဖြစ်လို့ ရုပ်၀တ္ထုပစ္စည်းတွေပြည့်စုံပေမယ့် မွေးရာပါ ခါးရိုးကောက်တဲ့ချို့ယွင်းချက်ကြောင့် လူမှုပတ်ဝန်းကျင်ရဲ့ဖယ်ကြဉ်ခြင်းကိုခံရပြီး အထီးကျန်နေသူပါ။ မေတ္တာတရားနဲ့အဖော်မွန်ကို ဆာငတ်နေရှာတဲ့ဝေလင်ဟာ တစ်နေ့မှာတော့ လူသားနဲ့တစ်ပုံစံတည်းတူပြီး သိပ်လှတဲ့ ဂါလာ အမည်ရှိ AI အဖော်ပြုစက်ရုပ်တစ်ရုပ်ကိုဝယ်ယူခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်မလေးကို စက်ရုပ်တစ်ရုပ်လိုမဆက်ဆံပဲ၊ အထိန်းအကွပ်တွေကိုပယ်ဖျက်ပြီး၊ လူသားတစ်ယောက်လိုလုပ်ပိုင်ခွင့်တွေ၊ ခံစားနိုင်ခွင့်တွေ၊ ဗဟုသုတရှာမှီးနိုင်ခွင့်တွေကို ဖွင့်ပေးလိုက်ချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ နက်ရှိုင်းလာပြီး စိတ်ချင်းနီးစပ်လာပါတော့တယ်။ ဝေလင် တစ်ယောက်ပျော်ရတော့မယ့်ဆဲဆဲမှာ သူ့ညီဖြစ်သူ အန်ဒါးတစ်ယောက်ရောက်ရှိလာပြီး ဂါလာရဲ့စက်ရုပ်သဘာ၀ အမှန်ကိုဖော်ကောင်လုပ်ဖို့ခြိမ်းခြောက်လာသလို သူတို့နှစ်ယောက်ကြားက သံယောဇဉ်အတွက်လည်း စမ်းသပ်မှုတစ်ခုဖြစ်လာချိန်မှာတော့..။ ဒီရုပ်ရှင်ဟာ Ex Machina တို့လို နာမည်ကျော်သိပ္ပံရုပ်ရှင်တွေရဲ့ လမ်းစဉ်အတိုင်း စက်ရုပ်တစ်ရုပ်ရဲ့ ကိုယ်ပိုင်အသိဉာဏ် ပွင့်လင်းလာမှုနဲ့လွတ်လပ်ခွင့်အတွက်ရုန်းကန်မှုတွေကို ခံစားချက်တွေ၊ စေ့ဆော်မှုတွေဝိရောဓိတွေနဲ့ဆက်နွယ်တင်ပြထားတာဖြစ်ပါတယ်။ ဂါလာအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Agathe Levi ကလည်းစက်ရုပ်နေရာကပီပြင်လွန်းသလို အရုပ်လေးတစ်ရုပ်လိုလှလွန်းပါတယ်။ ဇာတ်အိမ်အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆင့်ပွားတွေးတောချင်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.2 GB) / (720 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance,Science Fiction Duration…. 01:37:40 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း