(Love Song)
(Love Song) (2025) ဒီဇာတ်ကားလေးထဲမှာတော့ မြန်မာပရိသတ်အချစ်တော် မြန်မာပြန်ဖွား ဂျပန်မင်းသား မိုရီဆာကီဝင်းနဲ့ Dating Game ထဲက မင်းသား Koji တို့ ပါဝင်သရုပ်ဆောင်ထားတာပါ။ "တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားတဲ့ ချစ်သီချင်းတစ်ပုဒ်က တိုကျိုနဲ့ ဘန်ကောက်က လူနှစ်ယောက်ကို ပြန်လည်ချိတ်ဆက်ပေးတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ အဆုံးသတ် မလှပခဲ့ရင်တောင် ရင်ထဲမှာ အမြဲကိန်းအောင်းနေတတ်တဲ့ သံစဉ်တစ်ခုလိုပါပဲ။" ရိုမန့်စ်ဒရာမာ ကြိုက်တဲ့သူတွေအတွက် ဂျပန်နဲ့ထိုင်း ပူးပေါင်းရိုက်ကူးထားတဲ့ ရင်ခုန်ဆွေးမြည့်စရာ ဇာတ်ကားသစ်လေး (Love Song) ကို တင်ဆက်ပေးလိုက်ပါပြီ။ ဆိုတာ(Morisaki Win)ဆိုတဲ့ကောင်လေးက အလုပ်ကို အရမ်းဖိစီးပြီးလုပ်တတ်တဲ့ တည်တည်ငြိမ်ငြိမ် သုတေသီတစ်ယောက်ပါ။ ရုတ်တရက် တိုကျိုမှာ အလုပ်လုပ်ဖို အမိန့်ကျလာရာကနေ တစ်နေ့မှာတော့ တိုကျိုကနေ ဘန်ကောက်ကို အပြန်လမ်းမှာ သူ့ရဲ့ ကျောင်းသားဘဝကတည်းက တိတ်တိတ်လေး သံယောဇဉ်တွယ်ခဲ့ရတဲ့ ကိုင်း(Mukai Koji)နဲ့ မထင်မှတ်ဘဲ ပြန်ဆုံတွေ့ခဲ့ပါတယ်။ ကိုင်းကတော့ အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်အဖြစ် ရပ်တည်နေပြီး ဂီတလမ်းကြောင်းကိုလည်း ဆက်လျှောက်နေတဲ့သူပါ။ ကျောင်းသားဘဝက ကိုင်းဆိုပြခဲ့ဖူးတဲ့ "အဆုံးမသတ်ရသေးတဲ့ သီချင်းလေး" ကို ဆိုတာတစ်ယောက် အခုချိန်ထိ မှတ်မိနေတာကို သိလိုက်ရတဲ့အခါ ကိုင်း အရမ်းကို အံ့ဩသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ကြားက ရပ်တန့်နေတဲ့ သံယောဇဉ်တွေ ပြန်လည်ရှင်သန်လာပြီး ပိုမိုနီးကပ်လာကြပေမဲ့... ပြဿနာက သူတိုနှစ်ယောက်လုံးမှာ ဒီသီချင်းကို ဘာကြောင့် အဆုံးထိ မရေးဖွဲ့နိုင်ခဲ့ကြတာလဲဆိုတဲ့ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကိုယ်စီ ရှိနေကြတာပါပဲ။ အတိတ်က မပြီးပြတ်သေးတဲ့ ချစ်သီချင်းလေးက သူတိုနှစ်ယောက်ရဲ့ ပစ္စုပ္ပန်မှာ ဘယ်လိုပြန်လည် ပဲ့တင်ထပ်မလဲ... သူတိုရဲ့ လျှိဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာ... လူငယ်သဘာဝ အချစ်၊ သံယောဇဉ်နဲ့ အလွမ်းအဆွေးတွေကို သီချင်းသံစဉ်တွေနဲ့အတူ လှလှပပ ရိုက်ကူးတင်ဆက်ထားတာမို ခံစားချက်အပြည့်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်တာမို့လို့ နူးနူးညံ့ညံ့အချစ်ကားကြိုက်တဲ့ အက်ဒမင်တို ပရိသတ်ကြီးအတွက်တော့ ညဘက် ကော်ဖီလေးတစ်ခွက်နဲ့ Feel လို အရမ်းကောင်းမဲ့ ကားလေးပါပဲ။ File size…1.72GB / 834MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Music, Romance, Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း