ဇာတ်ကားများ ရွေးရန်

Colors of Evil: Black

2026ဇာတ်ကားအမှတ် 6.2/10

Colors of Evil: Black (2026) ပိုလန်နိုင်ငံရဲ့ ဆိတ်ငြိမ်လှတဲ့ မြို့ငယ်လေးတစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကလေးပျောက်ဆုံးမှုနောက်ကွယ်ကနေ... ဆယ်စုနှစ်ချီ ဖုံးကွယ်ထားခဲ့တဲ့ အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လူသတ်မှု လျှို့ဝှက်ချက်ဟောင်းတွေကို ဉာဏ်ကစားပြီးစုံစမ်းရမယ့် ပိုလန် Neo-Noir / Crime ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံကတော့ အမြင်မှာအေးချမ်းပေမဲ့ အတွင်းမှာတော့ အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ ပိုလန်မြို့ငယ်လေးတစ်မြို့ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဆိုပါ မြို့ကလေးက ကောင်လေးတစ်ဦး သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအမှုကို စုံစမ်းဖို့အတွက် မြို့ကို အသစ်ပြောင်းရွှေ့လာခဲ့တဲ့ စုံစမ်းစစ်ဆေးရေးမှူးက တာဝန်ယူလိုက်ရပါတယ်။ အစပိုင်းမှာ သာမန်ပြန်ပေးဆွဲမှု၊ ပျောက်ဆုံးမှုလို့ ထင်ခဲ့ပေမဲ့... အမှုထဲကို နက်နက်နဲနဲ စုံစမ်းလေလေ၊ ဒီပျောက်ဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့ပြီး ဘယ်သူမှ မဖော်ထုတ်နိုင်ဘဲ ပဟေဠိဖြစ်ကျန်ခဲ့တဲ့ လူပျောက်ဆုံးမှုအမှုကြီးနဲ့ ထူးဆန်းစွာ ဆက်နွယ်ပတ်သက်နေတာကို တွေ့ရှိသွားပါတော့တယ်။ အမှုနောက်ကွယ်မှာ မြို့က ဩဇာအာဏာရှိသူတွေ၊ ရဲတပ်ဖွဲ့ရဲ့ ဖုံးကွယ်ထားတဲ့ အကျင့်ပျက်မှုတွေ ပါဝင်နေတာကို သိလိုက်ရတဲ့အခါ... အမှန်တရားကို ရှာဖွေမယ့် အစိုးရရှေ့နေဟာ မြေအောက်လောကရဲ့ ခြိမ်းခြောက်မှုတွေ၊ အသက်အန္တရာယ်တွေကြားထဲကနေ ဘယ်လိုမျိုး ဉာဏ်ကစားပြီး ဖော်ထုတ်သွားမလဲဆိုတာ ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း