Naradan
ချန်ဒရာပရာကစ်ရှ်ဟာ မီဒီယာလောကမှာ နာမည်ရှိတဲ့ သတင်းတင်ဆက်သူတစ်ယောက်ပါ။ ရုပ်သံလိုင်းရဲ့ ကြည့်ရှုသူအရေအတွက် တက်လာအောင် သတင်းတွေ ရှာဖွေရေးသားဖို့ သူဌေးနဲ့ အယ်ဒီတာက အမျိုးမျိုး ဖိအားပေးနေကြတယ်။ အဲဒီအချိန်မှာ တခြားရုပ်သံလိုင်းက သတင်းတင်ဆက်သူအသစ် ပရာဒီက သူ့ထက် လက်ဦးမှုရပြီး လူအများ စိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ကို တင်ဆက်နိုင်သွားပါတယ်။ ဒီနောက် ချန်ဒရာက သူလက်ကိုင်ထားခဲ့တဲ့ သတင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို စဖောက်ဖျက်လာတယ်။ လူစိတ်ဝင်စားမှုရဖို့ လုပ်ကြံဖန်တီးထားတဲ့ အန္တရာယ်ရှိသော သတင်းတွေကို ရေးသားလာပြီး အတ္တနဲ့ လောဘနောက်ကို လိုက်သွားပါတယ်။ ဘယ်သူမှ သူ့ကို မတားနိုင်တော့တဲ့အခါ သူဖန်တီးတဲ့ သတင်းတွေက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာစေမလဲ။
ဇာတ်လမ်းအကြောင်း