ဇာတ်ကားများ ရွေးရန်

Early Winter (aka) Erken Kış

2025ဇာတ်ကားအမှတ် 6.0/1091 မိနစ်

Erken Kış (2025) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကြီးမှာ အောင်မြင်ပြီး အဆင့်အတန်းမြင့်မားတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အိမ်ထောင်ရှင် စုံတွဲတစ်တွဲဖြစ်တဲ့ စက်ရုံမန်နေဂျာ ဖာဟတ် နဲ့ ဘဏ်မန်နေဂျာ ဟန်ဒန်တို့အကြောင်းကနေ စတင်ထားပါတယ်။ သူတို့ဇနီးမောင်နှံဟာ ချမ်းသာကြွယ်ဝပေမဲ့ ကလေး မထွန်းကားနိုင်တာကြောင့်... ဂျော်ဂျီယာ-ယူကရိန်း ကပြားမလေးဖြစ်ပြီး အစ္စတန်ဘူလ်မှာ နေထိုင်နေတဲ့ လီယာ ဆိုတဲ့ လူငယ်အနုပညာရှင် အမျိုးသမီးလေးတစ်ဦးနဲ့ သဘောတူညီမှုရယူကာ အငှားကိုယ်ဝန်ဆောင်စနစ်နဲ့ ကလေးယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ အားလုံးဟာ စီးပွားရေးအရ သဘောတူညီချက်သက်သက်သာ ဖြစ်ပြီး၊ လီယာကနေတစ်ဆင့် သမီးလေး အာဒါ ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့... သမီးလေးမွေးဖွားပြီး မကြာခင်မှာပဲ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားမှာ စစ်ပွဲကြီး စတင်ဖြစ်ပွားပါတော့တယ်။ နေရပ်က နိုင်ငံရေးအခြေအနေတွေနဲ့ မိသားစုဝင်တွေ ပိတ်မိကုန်တာကြောင့်... လီယာတစ်ယောက် နေရပ်ပြန်ဖို့ လုံးဝမဖြစ်နိုင်တော့ဘဲ ဖြစ်သွားခဲ့ပါတယ်။ ရလဒ်အနေနဲ့... လီယာဟာ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပေမဲ့ ဖာဟတ်၊ ဟန်ဒန်တို့ရဲ့ အိမ်မှာပဲ သူတို့ဇနီးမောင်နှံ၊ သူမမွေးပေးခဲ့တဲ့ ကလေးငယ်လေးနဲ့အတူ ဆက်လက်နေထိုင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတော့တယ် အိမ်တစ်အိမ်တည်းမှာ စာချုပ်အရ မိခင်ဖြစ်သူ၊ သွေးသားအရ မိခင်ဖြစ်သူတို့ နှစ်ဦးနဲ့ ဖခင်ဖြစ်သူတို့ ဆုံတွေ့ကြတဲ့အခါ... စစ်ပွဲရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ မိခင်မေတ္တာရဲ့ လွန်ဆွဲမှုတွေ၊ သံယောဇဉ်တွေနဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်တွေကြား ဘဝကို ဘယ်လိုမျိုး ရှာဖွေကြမလဲဆိုတာကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း