Bitter Gold
Bitter Gold (2025) IMDb Rating (6.6) ချီလီနိုင်ငံရဲ့လူသူအရောက်အပေါက်နည်းပြီး ခြောက်သွေ့လှတဲ့ အာတာကာမာ ကန္တာရကြီးထဲမှာ ပါစီဖီကိုနဲ့သူ့ ဆယ်ကျော်သက်သမီးလေး ကာရိုလာတို့သားအဖနေထိုင်ကြပါတယ်။ သူတို့ဟာ အပေါ်ယံမှာတော့ သာမန်ကြေးနီတွင်းတစ်ခုကိုလုပ်ကိုင်နေတာဖြစ်ပေမယ့် တကယ်တော့ သူတို့သားအဖမှာ ဘ၀တစ်ဆစ်ချိုးပြောင်းလဲပစ်နိုင်မယ့် အဖိုးတန် လျှို့ဝှက်ရွှေကြောကြီးတစ်ခုရှိနေပါတယ်။ ကာရိုလာရဲ့တစ်ခုတည်းသော အိမ်မက်ကဒီရွှေတွေနဲ့အတူ ဒီကန္တာရကနေ ရုန်းထွက်ပြီး ပင်လယ်နားမှာအိမ်လေးတစ်လုံးနဲ့အေးအေးချမ်းချမ်းနေဖို့ပါပဲ။ ဒါပေမယ့် သူတို့ရဲ့ရွှေကြောအကြောင်း တစ်ခြားလောဘသား တွင်းလုပ်သားတွေသိသွားချိန်မှာတော့ကျူးကျော်သူတွေနဲ့ရင်ဆိုင်ရင်း ဖခင်ဖြစ်သူ ဒဏ်ရာအပြင်းအထန်ရသွားတဲ့အခါ ဆယ်ကျော်သက်နုနုငယ်ငယ်မိန်းကလေး ကာရိုလာဟာ ဖခင်နေရာကိုအစားဝင်ပြီး လောဘသား အားကောင်းမောင်းသန် အရွယ်ရောက်ပြီးယောက်ျားကြီးတွေရန်ကနေ ကိုယ့်ပိုင်ဆိုင်မှုတွေကို အသက်လုကာကွယ်ဖို့ဖြစ်လာပါတော့တယ်။ Bitter Gold ဟာ ပူပြင်းတဲ့ကန္တာရ၊ ဖုန်ထူထူနေပူပူထဲက အဆီပြန်နေတဲ့ လောဘမျက်နှာတွေ၊ ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့နေရာတွေ၊ အထီးကျန်နေတဲ့ တကိုယ်ရည်သမား ဇာတ်လိုက်အစရှိတာတွေကိုမြင်တွေ့ရမယ့် Neo-Western Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကမ္ဘာ့ရုပ်ရှင်ပွဲတော်တွေမှာ လှည့်လည်ပြသပြီးချီးမွမ်းမှုတွေရော ဆုတွေပါရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ File size… (5 GB) / (0.98 GB) / (600 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller,Western Duration…. 01:27:09 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း