ဇာတ်ကားများ ရွေးရန်

Nothing Personal (aka) A La Cara

2025ဇာတ်ကားအမှတ် 5.0/10100 မိနစ်

A la cara (2025) ဇာတ်လမ်းကတော့ တစ်နိုင်ငံလုံးမှာ လူသိများပြီး အောင်မြင်ကျော်ကြားလှတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူမင်းသမီး လီနာအကြောင်းကနေ စတင်ထားပါတယ်။ လီနာဟာ အပြင်ပန်းအားဖြင့် အားလုံးပြည့်စုံနေပေမဲ့ အွန်လိုင်းပေါ်မှာတော့ အကြောင်းပြချက်မရှိဘဲ အမြဲတမ်း အဆိပ်အတောက်ဖြစ်စေမယ့် ရိုင်းစိုင်းတဲ့ ကောမန့်တွေ၊ မက်ဆေ့ခ်ျတွေနဲ့ အမြဲတိုက်ခိုက် ခြိမ်းခြောက်ခြင်း ခံနေရသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ လီနာဟာ စိတ်မရှည်တော့ဘဲ... သူမကို အွန်လိုင်းပေါ်မှာ ကောမန့်တွေအမြဲရေးပြီး အပုပ်ချတိုက်ခိုက်နေတဲ့ ပီဒရို ဆိုတဲ့ အမျိုးသားရဲ့ အိမ်တံခါးဝရှေ့ဆီကို ကိုယ်တိုင်ကိုယ်ကျ ရုတ်တရက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင် သွားရောက်ဖြေရှင်းပါတော့တယ်။ ကီးဘုတ်နောက်ကနေ ရဲရဲတောက် ဆဲနေခဲ့တဲ့ ပီဒရိုဟာ လီနာ့ကို လူချင်းမြင်လိုက်ရတဲ့အခါမှာတော့ ဘာပြောရမှန်းမသိအောင် သွေးပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းက— သူတို့နှစ်ဦး ရန်ဖြစ်စိန်ခေါ်ရာကနေ မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် အဆိုပါ အိမ်ကျဉ်းလေးထဲမှာ အတူတူနေထိုင်ရမယ့်အခြေအနေ သို့ ရောက်ရှိသွားခဲ့ပါတယ်။ ဖန်သားပြင်ထက်က မင်းသမီးနဲ့ လူ့အဖွဲ့အစည်းကြားထဲမှာ အထီးကျန်ပြီး စိတ်ဒဏ်ရာတွေရှိနေတဲ့ ကီးဘုတ်ဖိုက်တာသမား ပီဒရိုတို့ နှစ်ဦးကြား... အပြန်အလှန် သံသယတွေ၊ ဆွေးနွေးမှုတွေကနေတစ်ဆင့် ဘဝကိုဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း