ဇာတ်ကားများ ရွေးရန်

DSP Dev 2

2026ဇာတ်ကားအမှတ် 3.0/10134 မိနစ်

DSP Dev 2 (2026) ရဲမှူးဒေ့ဗ် ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့တဲ့ ပန်ချာပီ အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိလာပါပြီ။ ပထမကားတုန်းကလိုပဲ ပန်ချာပီရုပ်ရှင်လောကရဲ့ နာမည်ကြီးအက်ရှင်မင်းသား ဒေ့ဗ်ခါရောင်းကပဲ အဓိကရဲအရာရှိနေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သိက္ခာချခံထားရပြီး ရာထူးကနေ ဖယ်ရှားခံထားရတဲ့ ရဲအရာရှိ ဒေ့ဗ်ဟာ သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်ဖို့နဲ့ နာမည်ပျက်ကို ဆေးကြောဖို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခု ရရှိလာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ မြို့ပြကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်း၊ ငွေမည်းခဝါချဂိုဏ်းတွေနဲ့ သူတို့ရဲ့ နောက်ကွယ်က သြဇာကြီးတဲ့ ကြိုးကိုင်သူတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဖိအားတွေ ပိုမိုများပြားလာပြီး အာဏာပိုင်တွေနဲ့ ရာဇဝတ်ကောင်တွေကြား အကျပ်ရိုက်နေတဲ့ကြားက တရားမျှတမှုအတွက် အသက်အန္တရာယ်ကိုပါ ရင်းပြီး တုံးတိုက်ကြားကိုက်ပေးဆပ်မယ့် အမှန်တရားဘက်တော်သားရဲအရာရှိတစ်ယောက်ရဲ့ စွန့်စားခန်းကိုမြင်ကြရမှာပါ...။ File size… 1.6 GB / 870 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း