Find Your Friends
Find Your Friends (2025) IMDb Rating (6.0) / Rotten Tomatoes (45%) ကာလသားကြိုက်မင်းသမီးလေး တစ်လက်ဖြစ်တဲ့ Bella Thorne ရဲ့ဇာတ်ကားသစ်ပါ။ အသက် ၂၀ ဝန်းကျင်ပါတီကြိုက် ဆယ်ကျော်သက်ကောင်မလေးတစ်သိုက်ဖြစ်တဲ့ အမ်ဘာတို့ သူငယ်ချင်းတစ်စုဟာ သောက်စားပျော်ပါး ပါတီတွေနွှဲကြဖို့ မြို့ပြနဲ့ဝေးရာအရပ် Joshua Tree ကန္တာရဆီခရီးထွက်လာခဲ့ပါတယ်။ သူတို့အုပ်စုရဲ့ အပျော်လွန်ဆူညံသံ၊ ဂီတသံတွေကြောင့် အိမ်နီးချင်း ဂွကျကျလူကြီးတစ်ယောက်နဲ့ကတောက်ကဆဖြစ်ခဲ့သလို သွားတဲ့ ပါတီမှာလည်း လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရှိနေတဲ့ အမ်ဘာကြောင့် ပြဿနာတွေတက်ပြီး ပါတီကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ ပျော်ဖို့လာခဲ့တဲ့ ခရီးကနေ သူငယ်ချင်းအချင်းချင်းကြားစိတ်ဝမ်းတွေကွဲ ပြဿနာတွေတက်ရင်းက ရန်ဖြစ်ပြီး တစ်ဦးချင်းစီထွက်သွားတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ပျောက်ဆုံးသွားတာကိုသိလိုက်ရပြီး လိုက်ရှာရချိန်မှာတော့ သွေးချောင်းစီးလူသတ်ပွဲတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ် သိပ်မရှိပေမယ့်မိန်းမငယ်လှလှလေးတွေ၊ ပါတီတွေ၊ မူးယစ်ဆေးတွေ ပျော်ပွဲတွေနဲ့ပေါက်ကရပြော ပေါက်ကရလုပ်ချက်တွေ သွေးသံရဲရဲသတ်ခန်းဖြတ်ခန်းတွေနဲ့ကြည့်ရတာ ပျော်စရာကောင်းတဲ့ကားပါ။ I spit on your grave တို့ Revenge 2017 တို့လို ကလဲ့စားချေသွေးထွက်သံယိုကားတွေကြိုက်တတ်ရင် သဘောကျကြမှာပါ။ File size… (1.4 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:32:21 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း