ဇာတ်ကားများ ရွေးရန်

Hair of the Bear

2026ဇာတ်ကားအမှတ် 7.5/1092 မိနစ်

Hair of the Bear (2025) The Revenant လိုမျိုး... အေးခဲနေတဲ့ နှင်းတောကြီးရဲ့ Vibe မျိုးကို ပေးစွမ်းနိုင်ပြီး၊ အန္တရာယ်တွေကြားမှာ Survive လုပ်ရမယ့် Thriller ကားကောင်း ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကြောင့် မြို့ပြနဲ့ဝေးရာနှင်းတွေဖုံးလွှမ်းနေတဲ့ ကနေဒါ တောနက်ကန္တာရကြီး ထဲမှာ နေထိုင်တဲ့ အဖိုးဖြစ်သူဆီကို သွားရောက်နေထိုင်ဖို့ တိုရီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပါတယ် နှင်းတောထဲက အဖိုးဖြစ်သူရဲ့ အိမ်လေးဟာ အစပိုင်းမှာတော့ တိုရီ့အတွက် အေးချမ်းပြီး စိတ်သက်သာရာရစေမယ့် နေရာတစ်ခု ဖြစ်ခဲ့ပေမဲ့... မကြာခင်မှာပဲ အဆိုပါ ဆိတ်ငြိမ်လှတဲ့ ရေခဲတောကြီးထဲမှာ မထင်မှတ်ထားတဲ့ လူသတ်သမားရောက်ရှိလာပါတော့တယ်။ တိုရီဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့ကြားထဲကနေ... အဆိုပါ တောနက်ကြီးထဲမှာ မိမိရဲ့ အသက်ရှင်သန်ရေးအတွက် ရက်စက်လှတဲ့ ကစားပွဲထဲကို မမျှော်လင့်ဘဲ ပါဝင်သက်မိသွားပါတော့တယ်။ အပြင်ဘဝရဲ့ ကြောက်ရွံ့မှုတွေကို အနိုင်မတိုက်နိုင်ခဲ့တဲ့ တိုရီတစ်ယောက်... အေးခဲလှတဲ့ သဘာဝဘေးအန္တရာယ်တွေကြားထဲကနေ ရန်သူတွေကို ဘယ်လိုရင်ဆိုင်သွားမလဲကြည့်ရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း