Okko's Inn
Okko's Inn (2018) စိမ်းစိမ်းစိုစို ရှုခင်းလေးတွေနဲ့ Healing ဖြစ်စေမယ့် Anime ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စပြောရမယ်ဆိုရင်တော့ ဒီကားရဲ့ ဒါရိုက်တာဖြစ်သူ Kitaro Kosaka က Studio Ghibli မှာ Key Animator အဖြစ် အကြာကြီး အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ Ghibli အငွေ့အသက်လေးတွေ လွှမ်းခြုံပြီး သဘာဝရှုခင်း အလှအပတွေကို ခံစားနိုင်မှာပါ။ Production Team ကလည်း One Punch Man Season 1 တို့ Hunter x Hunter တို့ကို ထုတ်လုပ်ပေးခဲ့တဲ့ Madhouse ဖြစ်နေပါသေးတယ်။ ဇာတ်လမ်းလေးကိုပြောရမယ်ဆိုရင်တော့ Okko ဆိုတဲ့ ဆယ်ကျော်သက်ကလေးမလေးအကြောင်းကို ကြည့်ရမှာပါ။ Okko ဘဝလေးဟာ မမျှော်လင့်ထားပဲ ကားအက်စီးဒန့်ဖြစ်ပြီး မိဘနှစ်ပါး ဆုံးပါးသွားခဲ့လို့ သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီမှာတင် မိခင်ရဲ့အမေဖြစ်သူ အဘွားဆီကို သွားနေရတော့တာပေါ့။ သူ့အဘွားက တောနယ်လေးမှာ Harunoya ဆိုတဲ့ ဂျပန်ရိုးရာ ရေပူစမ်းတည်းခိုခန်းလေး ဖွင့်ထားတဲ့သူ။ အဲဒီမှာ ကျောင်းလည်းတက်ရင်း အဘွားဖြစ်သူရဲ့ တည်းခိုခန်းကို ကူညီပေးဖို့လည်း ဆုံးဖြတ်လိုက်တာပေါ့။ ဒါပေမဲ့ အဲဒီမှာနေရင်း ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ Okko တစ်ယောက် သရဲဝိဥာဉ်တွေကို စပြီး မြင်တွေ့လာရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိဥာဉ်လေးတွေက Okko ကို ဒုက္ခပေးဖို့ မဟုတ်ပဲ အထီးကျန်နေတဲ့ Okko ကို အဖော်အဖြစ် ရှိပေးကြပြီး အဘွားရဲ့တည်းခိုခန်းလေးကိုလည်း ဆက်ခံနိုင်သူ ဖြစ်လာအောင် မိဘတွေဆုံးပါးထားလို့ စိတ်ဒဏ်ရာတွေရထားတဲ့ Okko လေးကို ရှေ့ဆက် Move on နိုင်အောင် ဘယ်လိုမျိုးတွေ ကူညီပေးကြမလဲ Okko တို့ တည်းခိုခန်းကိုရော ဘယ်လိုလူမျိုးတွေလာပြီး ဘာတွေကြုံရဆုံရမလဲဆိုတာကို Healing ဖြစ်စေမယ့်အပြင် ဂျပန်ရိုးရာလေးတွေနဲ့ ပေါင်းစပ်ဖော်ပြ ရိုက်ကူးထားတဲ့ Anime ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း