Night Stage
Night Stage (2026) IMDb Rating (6.5) / Rotten Tomatoes (85%) မာတီးယပ်စ်ဟာ တက်သစ်စပြဇာတ်မင်းသားတစ်ယောက်ဖြစ်ပြီး ရုပ်သံမင်းသားအဆင့်ကိုတက်လှမ်းဖို့လည်း အိမ်မက်တွေရှိတဲ့သူပါ။ အဲ့ဒီအိမ်မက်ရဲ့စေညွှန်ရာအတိုင်း သူတို့နိုင်ငံမှာလာရိုက်မယ့်ဇာတ်လမ်းတွဲတစ်ခုရဲ့ခေါင်းဆောင်မင်းသားနေရာကို အချစ်ဆုံးသူငယ်ချင်းဆီကနေ လုယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်သူတွေက သူ့ကို လူထုရှေ့မှာ လိင်တူချစ်သူဖြစ်ကြောင်းဖုံးကွယ်ထားဖို့နဲ့လူမှုကွန်ယက်စာမျက်နှာတွေကိုရှင်းပစ်ဖို့လည်းဖိအားတွေပေးလာပါတယ်။ တစ်ဖက်မှာလည်းမာတီးယပ်စ်ဟာ Dating App ကနေတစ်ဆင့် မြို့တော်ဝန်လောင်းကိုလူချောရာဖေးလ်နဲ့တွေ့ဆုံခဲ့ပါတယ်။ ရာဖေးလ်က မြို့တော်ဝန်လောင်းနေရာကိုအနိုင်ရဖို့အလားအလာအကောင်းဆုံးအရည်အချင်းရှိနိုင်ငံရေးသမားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့လိင်စိတ်ခံယူမှုကိုအတတ်နိုင်ဆုံးလျှို့ဝှက်ထားသူပါ။ သူတို့ရဲ့ဆက်ဆံရေးက အတွင်းကျ နက်ရှိုင်းလာလေလေ နှစ်ဘက်လုံးရဲ့နောက်ခံအလုပ်အကိုင်တွေရဲ့ဖိအားတွေက ပိုပိုများပြားလာပြီးဘ၀ပျက်စေနိုင်လောက်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်လာတဲ့အခါ..။ Night Stage ဟာလူသားတွေရဲ့အတွင်းစိတ်က နက်ရှိုင်းတဲ့ ရမ္မက်အာသီသ၊ အာဏာ၊ အောင်မြင်မှုနဲ့ လျှို့ဝှက်ချက်တွေကြား အားပြိုင်မှုတွေ လွန်ဆွဲမှုတွေ ဝိရောဓိတွေကိုသိုင်းဝိုင်းယက်ရှယ်ပြထားတဲ့ Erotic Thrillerဇာတ်ကားကောင်းတစ်ကားပါ။ ၇၅ ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး Audience Award နဲ့Teddy Award တို့ဆန်ကာတင်ဝင်ခဲ့သလို ကမ္ဘာအနှံ့ရုပ်ရှင်ပွဲတော်တွေမှာဆက်လက်အောင်ပွဲခံနေဆဲလည်းဖြစ်ပါတယ်။ (ဇာတ်လမ်းလိုအပ်ချက်အရ ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။) File size… (1.1 GB) / (590 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance,Thriller Duration…. 01:59:19 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း