ဇာတ်ကားများ ရွေးရန်

Vultures (aka) Rapaces

2025ဇာတ်ကားအမှတ် 6.5/10104 မိနစ်

Vultures (2025) IMDb Rating (6.3) ဆင်မျူရယ်ဟာ ဝါရင့်သတင်းထောက်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ အာဗာကတော့ သူအလုပ်လုပ်နေတဲ့သတင်းစာတိုက်မှာပဲ အလုပ်သင်ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့တော့အာဗာနဲ့ရွယ်တူ မိန်းကလေးငယ်တစ်ယောက် အက်စစ်နဲ့ပက်ပြီးအသတ်ခံရတဲ့လူသတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအမှုကိုစိတ်ဝင်စားသွားတဲ့ သူတို့သားအဖနှစ်ယောက်ဟာ တိတ်တဆိတ်စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုထဲကို သမီးဖြစ်သူ ပိုပြီး နက်နက်ရှိုင်းရှိုင်းပါဝင်လာမှာကို ဆင်မျူရယ်တစ်ယောက် စိုးရိမ်လာသလိုဒီအမှုဟာ လွန်ခဲ့တဲ့ နှစ်တွေကဖြစ်ပွားခဲ့တဲ့ လူသတ်မှုဟောင်းတစ်ခုနဲ့ထိတ်လန့်စရာကောင်းလောက်အောင် တူညီနေတာကိုရှာဖွေတွေ့ရှိလိုက်ရတဲ့အခါမှာတော့..။ Rapaces ဟာပြင်သစ်ရုပ်ရှင်လောကရဲ့ထုံးစံ သမားရိုးကျ စာအုပ်ကြီးအတိုင်း စုံထောက်ကား မဟုတ်ပဲလူ့စိတ်ပညာနဲ့ လူမှုပတ်ဝန်းကျင်အရှိတရားကိုအခြေခံပြီး လက်တွေ့နဲ့အနီးစပ်ဆုံးပုံဖော်ထားတဲ့ Psychological Thrillerတစ်ကားပါ။ ဇာတ်ကောင်တွေတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စကားပြောခန်းတွေမှာ အတွေးပွားစရာသီအိုရီတွေ ပါဝင်နေပြီး အမှုလိုက်ပုံ၊ သဲလွန်စရှာပုံ ကောက်ချက်ဆွဲပုံတွေကအစ ပီပြင်သဘာ၀ကျတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.3 GB) / (810 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Mystery,Thriller Duration…. 01:43:59 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း