ဇာတ်ကားများ ရွေးရန်

Deadly Destination Wedding

2026ဇာတ်ကားအမှတ် 5.2/10

Deadly Destination Wedding (2026) White lotus series ထဲက စတိုင်မျိုး romance drama ကိုမှ thriller ပေါင်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ မကြာသေးမီကမှ ချစ်သူနဲ့ လမ်းခွဲထားလို့ စိတ်မကောင်းဖြစ်နေတဲ့ ရှေ့နေမလေး "ရေချယ်" တစ်ယောက်... သူမရဲ့ သူငယ်ချင်းဖြစ်သူရဲ့အပန်းဖြေကျွန်းပေါ်ကမင်္ဂလာဆောင်ပွဲ ကို တက်ရောက်ဖို့အတွက် လေယာဉ်နဲ့ တစ်ယောက်တည်း ထွက်ခွာလာခဲ့ရာကနေ စတင်ထားပါတယ်။ လေယာဉ်ပေါ်မှာတင် စကားပြောကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဘီလီ နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး၊ ကျွန်းပေါ်ရောက်တဲ့အခါမှာလည်း နှစ်ယောက်သား စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်း တစ်ခုကို စတင်ခဲ့ကြပါတယ်။ အားလုံးက ပြီးပြည့်စုံတဲ့ အားလပ်ရက် အချစ်ကမ္ဘာလေးလို ဖြစ်နေခဲ့ပေမဲ့... ရုတ်တရက် ရေချယ်ရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားခဲ့ရာကနေ အရာရာ ပြောင်းလဲသွားပါတော့တယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတာကတော့... မင်္ဂလာပွဲက ဘယ်သူကမှလည်း သူမ တွဲနေတဲ့ ဘီလီ ဆိုတဲ့လူကို တစ်ခါမှ မမြင်ဖူးသလို၊ ဖိတ်ခံထားရတာလည်းမရှိတာပါပဲ နောက်‌တော့ ဘီလီရုတ်တရက်ပျောက်ဆုံးသွားပြီး ဟိုတယ်မှာလည်း လူသတ်မှုတွေဖြစ်လာတဲ့အခါ အရာအားလုံးက ရေချယ်နဲ့ဆက်စပ်လာ‌ေနပြီး ဘာတွေဆက်ဖြစ်သွားမလဲ စိတ်၀င်စားဖို့‌ေကာင်းတဲ့ကားဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း