Meet Me in the Margins
Meet Me in the Margins (2026) အလုပ်ခွင်မှာ တစ်ယောက်နဲ့တစ်ယာက် ဘုနဲ့ဘောက်ဖြစ်ရင်းကန အချစ်ဇာတ်လမ်းတွေဖြစ်လာတဲ့ Rom-com ဇာတ်လမ်းကာင်းလးတစ်ပုဒ်ဖြစ်ပါတယ် စာအုပ်ဆိုင်တွေ၊ ကော်ဖီဆိုင်လေးတွေ၊ ကတ်ဘိနက်အခန်းလေးတွေနဲ့ cozy ဖြစ်စေမယ့် (Warm Tone Cinematography) တွေကိုမြင်ရမယ့် စိတ်အပန်းပြေစရာ ရုပ်ရှင်မျိုးဖြစ်ပါတယ် ဇာတ်လမ်းကတော့ စာအုပ်ထုတ်ဝေရေးတိုက်တစ်ခုမှာ အလုပ်လုပ်နေပြီး ဘဝကို စည်းကမ်းဘောင်တွေကြားထဲကပဲ ဖြတ်သန်းတတ်တဲ့ စာမူရွေးချယ်ရေး အယ်ဒီတာမလေး ဆာဗားနား အကြောင်းကနေ စတင်ထားပါတယ်။ ဆာဗားနားဟာ အလုပ်ထဲမှာတော့ လေးနက်တဲ့ စာပေတွေကိုပဲ ကိုင်တွယ်နေရပေမဲ့... နောက်ကွယ်မှာတော့ သူမကိုယ်တိုင် အရူးအမူးဖြစ်ရတဲ့ အချစ်ဝတ္ထု တစ်ပုဒ်ကို တိတ်တဆိတ် ရေးသားနေခဲ့တာပါ။ သူမဟာ ရေးလက်စ စာမူကြမ်းကို ထုတ်ဝေရေးတိုက်ရဲ့ လျှို့ဝှက်အခန်းငယ်လေးထဲမှာ မထင်မှတ်ဘဲ ထားခဲ့မိရာကနေ... အမည်မသိ စာဖတ်သူတစ်ယောက်က ထိုစာမူကို ဖတ်ရှုပြီး စာမျက်နှာအစွန်းတွေမှာ အပြုသဘောဆောင်တဲ့ စာပေမှတ်ချက်လေးတွေကို စာတိုလေးတွေအဖြစ် ရေးသားပေးခဲ့တာကို တွေ့ရှိသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ဖူးဘဲ စာမျက်နှာအစွန်းက စာတိုလေးတွေကနေတဆင့် အတွေးချင်းဖလှယ်ရင်း... ဆာဗားနားတစ်ယောက် ထိုအမည်မသိ စာမူအယ်ဒီတာ အပေါ်ကို စတင်ပြီး ရင်ခုန်စိတ်ကူးယဉ် လာပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းကတော့... ထိုနောက်ကွယ်က လျှို့ဝှက်စာတိုရေးသူဟာ တခြားသူမဟုတ်ဘဲ၊ သူမတို့ ထုတ်ဝေရေးတိုက်ကို အသစ်ရောက်ရှိလာပြီး အလုပ်ကိစ္စမှာ စည်းကမ်းကြီးတဲ့ ဒုတိယဥက္ကဋ္ဌ အသစ်ဖြစ်သူ "ဝီလ်" ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့... သူမဟာ အလုပ်နဲ့ အချစ်ကြား၊ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ဘဝကြားထဲမှာ ဘယ်လိုမျိုး အလွဲလွဲအချော်ချော်တွေနဲ့ ရင်ခုန်စရာ ဖြတ်သန်းမလဲဆိုတာကို ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း