ဇာတ်ကားများ ရွေးရန်

Transcending Dimensions

2025ဇာတ်ကားအမှတ် 7.8/1097 မိနစ်

Transcending Dimensions (2025) ဒီဂျပန်ဇာတ်ကားလေးကတော့ ဇာတ်အိမ်ကို သိပ္ပံပညာနဲ့ အထူးစွမ်းအား ပေါင်းစပ်ထားတဲ့ Sci-Fi Fantasy ဇာတ်လမ်းပုံစံမျိုး ဖြစ်ပါတယ်။ ဆုတစ်ဆုနဲ့ ဆန်ကာတင် ၁ ဆု ဝင်ခဲ့ပြီး IMDb rating 6.3/10 ထိ ရရှိထားပါတယ်။ ဒါရိုက်တာ Toshiaki Toyoda ဖြစ်ပြီး Masahiro Higashide၊ Danko Iida နဲ့Haruka Imô တို့အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ထူးခြားတဲ့အစွမ်းတွေနဲ့ ဗျာဒိတ်ရထားတဲ့ နာမည်ကြီးဆရာတစ်ဆူ ရွှေရောင်ဆံပင်နဲ့ ဟန်ဇိုဆိုတဲ့ ဘုန်းတော်ကြီးဟာ သူ့ဆီကို အကြောင်းမျိုးစုံကြောင့် လာရောက်အားကိုးသူတွေကို .. အပြောင်းအလဲတစ်ခုခု ဖြစ်ချင်ရင် ပေးဆပ်နိုင်ရမယ်ဆိုပြီး လက်ချောင်းတွေကို ဖြတ်ယူသူဖြစ်ပါတယ်။ အဲဒီကျောင်းတော်မှာ နိုနိုကာနဲ့ လူသတ်သမား ရှင်နိုတို့ဆုံမိခဲ့ပြီး နိုနိုကာက ပျောက်ဆုံးသွားတဲ့သူ့ချစ်သူ ရိုဆူကဲအတွက် ဟန်ဇိုကို သတ်ပေးဖို့ အလုပ်အပ်ခဲ့ရင်း သတ်သေသွားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ရိုဆူကဲဟာ အာကာသယာဉ်နဲ့ စကြဝဠာထဲ ရောက်ရှိသွားခဲ့ပြီး ထူးဆန်းတဲ့အဘိုးအိုနဲ့ဆုံမိပြီး သူ့ကို ထပ်မံဖိတ်ခေါ်တာကိုပါ ခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာ ဟန်ဇိုရဲ့ ခွင့်ပြုချက်နဲ့ ရိုဆူကဲဆီက သဘာဝလွန်ဖြစ်ရပ်တွေကို ပါမောက္ခတစ်ဦးနဲ့သူ့လက်ထောက်တို့က AI နည်းပညာနဲ့ သုတေသနပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမြေပြင်က စွမ်းအားရှင်တွေနဲ့ စကြဝဠာကြီးထဲကို ဆန်းကြယ်တဲ့အင်အားစုတွေကြားမှာ ဘယ်လိုဆက်စပ်မှုတွေ လျှို့ဝှက်ချက်တွေ ရှိနေတာလဲဆိုတာကို ရိုဆူကဲတစ်ယောက် တကယ်ပဲ ဖြေရှာသွားနိုင်ပါ့မလားဆိုတာ... File size…1.61GB / 821MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 36 min. Genre ….. Sci-Fi, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း