A Light in the Harbor
A Light in the Harbor (2025) တစ်ခါတရံမှာ သွေးမတော်သားမစပ်တဲ့လူတွေဟာ မိသားစုအရင်းထက်တောင် ပိုပြီး သံယောဇဉ်တွယ်ကာ ချစ်ခြင်းမေတ္တာကို ခံစားနိုင်ကြမယ်လို့ ထင်မိစေမယ့် ဂျပန်ဒရမ်မာကားလေး ဖြစ်ပါတယ်။ မိအုရာဆိုတဲ့ ယာကူဇာလူမိုက်ဟောင်းကြီးက သူ့ရဲ့ဂိုဏ်းထဲမှာ နောက်ထပ်ခေါင်းဆောင်ဆက်ခံရတော့မယ်ဆိုပေမဲ့ သူ မနှစ်သက်မလုပ်ချင်တဲ့အရာတွေ ဂိုဏ်းကလုပ်နေတာမို့ ထုတ်ပယ်ခြင်း ခံလိုက်ရပြီး လူမိုက်ကြီးဘဝကနေ အနားယူကာ ငါးဖမ်းသမားအဖြစ် တိတ်တဆိတ်လေး နေထိုင်လျက်ရှိပါတော့တယ်။ အဲဒီမှာတင် သူနေထိုင်တဲ့မြို့လေးမှာ ကိုတဆိုတဲ့ မျက်မမြင်ကလေးလေးက မိဘတွေမရှိတော့တဲ့အတွက် သူရပိုင်ခွင့်ရှိတဲ့ အမွေကိုပါ မောင်ပိုင်စီးထားတဲ့ အဒေါ်အိမ်မှာ ဦးလေးဖြစ်သူရဲ့ အနိုင်ကျင့်မှုတွေကိုပါ ခံစားပြီး ဘဝကို ဆိုးရွားစွာ ဖြတ်သန်းနေသူလေးပါ။ တစ်ခါတလေဆို ရွယ်တူကလေးတွေက ကြုံရင်ကြုံသလို အနိုင်ကျင့်တာကိုလည်း ခံရပါသေးတယ်။ ဒီလိုနဲ့ ကိုတလေးကို စာနာသနားမိသွားတဲ့ မိအုရာတစ်ယောက်ဟာ အရင်လူမိုက်ဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတစ်ခုကနေ ပိုက်ဆံတွေအများကြီး ရှာပြီး ကိုတလေးကို မျက်စိပြန်မြင်လာအောင် ဆေးကုသပေးလိုက်တဲ့အချိန်မှာတော့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်....။
ဇာတ်လမ်းအကြောင်း