ဇာတ်ကားများ ရွေးရန်

This Tempting Madness

2026ဇာတ်ကားအမှတ် 7.0/1092 မိနစ်

This Tempting Madness (2026) IMDb Rating (5.1) / Rotten Tomatoes (70%) မီယာဟာ ဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုကြောင့် ကိုမာဝင်ပြီး ဆေးရုံကုတင်ပေါ်မှာပြန်သတိရလာခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးမှာသေစေနိုင်လောက်တဲ့ ဒဏ်ရာတွေအထပ်ထပ်ရှိနေပေမယ့် ကံကောင်းထောက်မစွာ အသက်အန္တရာယ်တော့မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီဒဏ်ရာတွေကြောင့်ပဲ သူ့ရဲ့အတိတ်မှတ်ဉာဏ်တွေကလည်း အပိုင်းအစတွေဖြစ်ပြီး ဆက်စပ်မရဖြစ်နေခဲ့ပြန်ပါတယ်။ ပိုပြီး တုန်လှုပ်စရာကောင်းတာကတော့ သူသတိမေ့မြောနေစဉ်အတွင်းမှာ သူ့ခင်ပွန်းဖြစ်သူကို ဒီဖြစ်စဉ်ရဲ့တရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတာကိုသိလိုက်ရတာပဲဖြစ်ပါတယ်။ သူ့ရဲ့တစ်မိသားစုလုံးရဲတွေကပါ သူ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာ သူ့ခင်ပွန်းပဲလို့အထင်ရောက်နေပေမယ့်လည်း သူကိုယ်တိုင်ကတော့ သူ့ယောက်ျားဟာ ဒါမျိုးလုပ်မှာမဟုတ်ဘူးလို့တစ်ထစ်ချယုံကြည်ထားပါတယ်။ ဒါပေမယ့် သဲလွန်စတွေကိုလိုက်ဖော်ထုတ်ရင်းသူကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်တွေကို သံသယဝင်လာသလို လက်ရှိမှာလည်း အရှိတရားနဲ့ထင်ယောင်မှားမှုကြား ဝေခွဲမရပဲစိတ်အာရုံတွေခြောက်ခြားလာချိန်မှာတော့...။ ရင်တမမနဲ့သိချင်စိတ်ကို အဆုံးထိဆွဲခေါ်သွားနိုင်မယ့် အလှည့်အပြောင်းတွေနဲ့ Thriller စစ်စစ်တစ်ကားဖြစ်ပါတယ်။ File size… (1.1 GB) / (690 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 01:39:23 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း