ဇာတ်ကားများ ရွေးရန်

Texas Two-Step

2026ဇာတ်ကားအမှတ် 10.0/10

Texas Two-Step (2026) အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှု၊ ကန်းထရီးတေးဂီတတွေနဲ့အတူ ငယ်ချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့မယ့်Romantic Comedy ရုပ်ရှင်ကားဖြစ်ပါတယ် မြို့ကြီးပြကြီးမှာ အခြေချနေထိုင်နေတဲ့ အိုလီဗီယာတစ်ယောက်... တက္ကဆက်ပြည်နယ်မှာရှိတဲ့ သူမရဲ့ အဒေါ်ဖြစ်သူဆီကို ပြန်လည်ရောက်ရှိလာရာကနေ စတင်ထားပါတယ်။ သူမရဲ့အဒေါ်ပိုင်ဆိုင်တဲ့၊ တစ်ချိန်က အရမ်းစည်ကားခဲ့တဲ့ ကန်းထရီးတေးဂီတဘားလေးဟာ လက်ရှိမှာ စီးပွားရေးအရ ကျဆင်းပြီး ပိတ်သိမ်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် အိုလီဗီယာဟာ ဘားကို ပြန်လည်ဦးမော့လာအောင် ကူညီဖို့အတွက် မြို့ဟောင်းဆီ ပြန်လာခဲ့ခြင်းပါ။ ဒီခရီးစဉ်မှာ အိုလီဗီယာဟာ မထင်မှတ်ဘဲ သူမရဲ့ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ ငယ်ချစ်ဦး... အခုချိန်မှာတော့ တကယ့်တက္ကဆက် ကောင်းဘွိုင်တစ်ဦး ဖြစ်နေပြီဖြစ်တဲ့ "လုခ်" နဲ့ ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့ပါတယ် ဘားကို ကယ်တင်ဖို့ နှစ်ယောက်အတူ ပူးပေါင်းကြိုးစားရင်း... အိုလီဗီယာဟာ မြို့ကြီးပြကြီးရဲ့ မွန်းကျပ်မှုတွေကြောင့် ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့ အသက်ဝိညာဉ်... ဖြစ်တဲ့ "တက္ကဆက်ရိုးရာ အကဝါသနာ ကိုလည်း ပြန်လည်ဖော်ထုတ်ခွင့် ရရှိလာပါတော့တယ်။ တက္ကဆက်မြေရဲ့ ဂီတသံစဉ်တွေကြားထဲမှာ အိုလီဗီယာတစ်ယောက် ဘားလေးကို ဘယ်လိုကယ်တင်ပြီး အချစ်စစ်ကို ရှာဖွေမလဲဆိုတာကို

ဇာတ်လမ်းအကြောင်း