A Tale of Sorrow and Sadness
ဂေါက်သီးရိုက်အားကစားမယ်လေးတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ဟုန်းဟုန်းတောက် အောင်မြင်လာအောင် လုပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် အောင်မြင်လာတဲ့နောက်မှာ သူရင်ဆိုင်ရတာက ကျော်ကြားမှုရဲ့ဖိအားတွေနဲ့ အတိုက်အခိုက်တွေပါ။ သူ့ဘဝထဲက လဲပြိုမှုတွေ၊ အတုအယောင်တွေကို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများတဲ့ ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ ၁၉၇၇ ခုနှစ်ထွက် ဒီရုပ်ရှင်ကို Seijun Suzuki ရိုက်ကူးထားတာပါ။ သူဟာ ၁၉၅၆ ဝန်းကျင်ကနေ ၁၉၆၇ အထိ B ရုပ်ရှင်တွေ ရိုက်ကူးလာခဲ့သူဖြစ်ပြီး Branded to Kill နဲ့ Tokyo Drifter လို အက်ရှင်မှုခင်းဇာတ်ကားတွေကိုလည်း ရိုက်ကူးထားပါတယ်။ Takeshi Kitano၊ Wong Kar-wai နဲ့ Quentin Tarantino တို့ရဲ့ လေးစားမှုကို ရရှိထားတဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကားမှာတော့ လူတွေကြားက ဆက်ဆံရေးတွေကို အသုံးပြုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေကို ပုံဖော်ထားတယ်။ အကြောင်းအရာက ကြမ်းတမ်းပြီး အဓိပ္ပာယ်ဖော်ရခက်တဲ့အပြင် လိင်ပိုင်းဆိုင်ရာပြကွက်တွေလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း