Top Star
Top Star (2013) IMDb Rating (6.5) အခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ကတော့ လက်ရှိပြသနေတဲ့ Recipe for Love ထဲက မင်းသမီး So Yi Hyun၊ The Great Queen Seondeok ထဲက မင်းသား Uhm Tae Woong နဲ့ Tazza ထဲက မင်းသား Kim Min Joon တို့ အဓိကပါဝင်ထားပြီး သရုပ်ဆောင်ဖြစ်ဖို့အတွက် ပြင်းပြတဲ့ဆန္ဒတွေရှိတဲ့ မန်နေဂျာတစ်ယောက်ရဲ့ ဘဝခရီးလမ်းကို ဇာတ်အိမ်တည်ထားတဲ့ Drama/ World Cinema ပဲ ဖြစ်ပါတယ်။ ဆုပေးပွဲတိုင်းမှာ ဆုတွေတက်သိမ်းနေရတဲ့ နာမည်ကြီးမင်းသား ဂျန်ဝန်ဂျွန်းရဲ့ မန်နေဂျာဖြစ်သူ ဂင်ထယ်ရှစ်ဟာ အလုပ်မှာအရမ်းတော်သလို သရုပ်ဆောင်ဖြစ်ဖို့အိပ်မက်လည်း အရမ်းပြင်းပြသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ရိုးသားကြိုးစားလှတဲ့ ဂင်ထယ်ရှစ်တစ်ယောက် သစ္စာရှိစွာနဲ့ သူ့မင်းသား ဂျန်ဝန်ဂျွန်းရဲ့ မူးပြီး ကားမောင်းရင်းက ကားတိုက်ပြေးတဲ့အမှုကို သူက တရားခံအဖြစ်နဲ့ ကိုယ်စားဝင်ခံပြီး အကျဉ်းထောင်ပါကျခံခဲ့ပါတယ်။ အဲဒီလိုနဲ့ ဂင်ထယ်ရှစ်ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ မင်းသား ဂျန်ဝန်ဂျွန်းက သူရိုက်နေတဲ့ရုပ်ရှင်က ဇာတ်ကောင်တစ်ခုနေရာမှာ ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့သလို ရရှိတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့တဲ့ ထယ်ရှစ်တစ်ယောက် အကျဉ်းထောင်ကထွက်တာနဲ့ ရုပ်ရှင်ရိုက်ကူးပြီး အနုပညာလောကမှာ ခြေလှမ်းစတင်နိုင်ခဲ့ပါတယ်။ အဲဒီလိုကနေ ၂ နှစ်လောက်ကြာသွားတဲ့အခါမှာတော့ ထယ်ရှစ်တစ်ယောက် ဂျန်ဝန်ဂျွန်းနဲ့အပြိုင် နာမည်ရလာပါတော့တယ်။ နာမည်ရလာတာနဲ့အမျှ စိတ်ကြီးဝင်လာနေချိန် သတင်းထောက်တစ်ယောက်က သူ့ရဲ့အတိတ်ကို တူးဆွလာတဲ့အခါမှာတော့ ထယ်ရှစ်တစ်ယောက် ဘယ်လိုရွေးချယ်မှုတွေကို ပြုလုပ်သွားမလဲ... သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် မန်နေဂျာဘဝမှာ ဘာမဆိုသည်းခံကြိုးစားရင်း တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးတွေ ရင်းနှီးမှုတွေကိုရော ဆက်ထိန်းသိမ်းသွားနိုင်မလား... သူ့ရဲ့ရွေးချယ်မှုတွေက သူ့ရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ လိုက်ပါခံစားရင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ File Size : 1.70GB/ 800MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 55m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း