ဇာတ်ကားများ ရွေးရန်

For Horowitz

2006ဇာတ်ကားအမှတ် 6.7/10108 မိနစ်

For Horowitz (2006) IMDb Rating (6.7) ဒီတစ်ခေါက် ပရိသတ်ကြီးတို့နဲ့ မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကတော့ ဝါရင့်မင်းသမီး တစ်လက်ဖြစ်တဲ့ My Troublesome Star ထဲက မင်းသမီး Uhm Jung-Hwa နဲ့ Walking on Thin Ice ထဲက မင်းသား Park Yong Wooတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. အသက် 31 နှစ်အရွယ် ဂင်ဂျီဆူးဟာ ကမ္ဘာကျော်စန္ဒယားပညာရှင် Vladimir Horowitz ကိုလေးစားအားကျကာ နာမည်ကြီး စန္ဒယားပညာရှင်ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့လည်း မိသားစုအခြေအနေတွေနဲ့ ကံကြမ္မာကြောင့် သူ့ရဲ့ အိပ်မက်တွေပျက်စီးသွားခဲ့ပြီး နောက်ဆုံးမှာတော့ မြို့လေးတစ်မြို့မှာ ကလေးတွေကို စန္ဒယားတီး သင်ပေးတဲ့ ဆရာမလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ သင်တန်းကျောင်းနားမှာ လျှောက်သွားနေတတ်ပြီး ပြဿနာအမြဲရှာတတ်တဲ့ မိဘမဲ့ကောင်လေး ဂယောင်းမင်းနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီကလေးလေးဟာ မထင်မှတ်ထားဘဲ စန္ဒယားတီးခတ်ရမှာ ပါရမီအလွန်ပါတဲ့ ဂီတပါရမီရှင်လေးတစ်ယောက်ဖြစ်နေတာကို ဂျီဆူးတစ်ယောက် သိသွားပါတော့တယ်။ ဂယောင်းမင်းအပေါ် စေတနာသက်သက်အပြင် သူ့ရဲ့ အတိတ်က မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေ ကျော်ကြားလိုမှုတွေကို ဂယောင်းမင်းကို မြေတောင်မြှောက်ပေးရင်း တစ်ဆင့်ခံ အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း ထင်ထားသလိုမဖြစ်ဘဲ အဆင်မပြေမှုတွေ ကြုံတွေ့လာရဲ့အခါမှာတော့…. ဂျီဆူးရဲ့ အတ္တနဲ့ စစ်မှန်တဲ့ မေတ္တာတရား၊ ဆရာတပည့်ကြားက သံယောဇဉ်တွေကို သေချာရိုက်ပြပေးထားသလို IMDb Rating အနေနဲ့လည်း 6.7 ထိ ရရှိထားလို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ File Size : 3.91GB/ 1.19GB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 49m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း